ဗီဒီယို ရုရှားရဲ့ အရန်တပ်တွေကို ယူကရိန်း စေလွှတ်တော့မယ့် ပူတင် ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ဆက်ပြီး ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း ကြေညာပြီး မကြာခင်မှာပဲ ပူတင်ရဲ့ အထူးအမိန့် ထွက်ပေါ်လာတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ဝင်တွေဟာ သိမ်းပိုက်နယ်မြေတွေမှာ ခံစစ်ကို အားဖြည့်ဖို့ စေလွှတ်ခံရဖွယ် ရှိနေပါတယ်။ LuduNwayOoစက်တင်ဘာ 21, 2022
နိုင်ငံတကာ သိမ်းပိုက်နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းဖို့ ရုရှား ကတိုက်ကရိုက် အားထုတ်လာ အခုအခါမှာတော့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားထိန်းချုပ် နယ်မြေတွေမှာ ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး အရာရှိတွေက လူထုဆန္ဒခံယူပွဲတွေ ကျင်းပပြီး ရုရှားနိုင်ငံနဲ့ ပေါင်းစည်းဖို့ သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။ LuduNwayOoစက်တင်ဘာ 21, 2022
ဗီဒီယို ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံနား ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲ ကံကောင်း ထောက်မစွာနဲ့ လက်ရှိ အချိန်မှာ စက်ရုံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၃ ခုစလုံး ပုံမှန်ဆက်လက် လည်ပတ်နေနိုင်ကြောင်း၊ ဒုံးကျည် ကျရောက် ပေါက်ကွဲပေမယ့် ထိခိုက် သေကြေမှုတော့ မရှိခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 20, 2022
နိုင်ငံတကာ မြို့ရွာတွေထဲ ကားနဲ့ပတ်ပြီး လူသစ်လိုက်စုနေရတဲ့ ရုရှားစစ်တပ် မြို့ရွာတွေထဲ လှည့်လည်ပြီး စည်းရုံးရေး ဆင်းနေတဲ့ ရုရှားရဲ့ အစီအမံက အထိုက်အလျောက်တော့ အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စိတ်ဝင်တစား စုံစမ်းမေးမြန်းသူ အနည်းအကျဉ်းလောက်တော့ နေ့စဉ်လိုလို ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 19, 2022
နိုင်ငံတကာ ယူကရိန်း တန်ပြန်ထိုးစစ် အားကောင်းလာလည်း ရုရှားရဲ့ အစီအမံတွေ မထိခိုက်ဘူးလို့ ပူတင်ပြော ပူတင်က ယူကရိန်းမှာ ဖြန့်ကျက်ထားတာဟာ ရုရှားစစ်တပ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက်သာ ရှိသေးပြီး ယူကရိန်းကသာ ရှေ့ဆက်ပြီး ထိုးစစ်အရှိန် မြှင့်နေဦးမယ်ဆိုရင် ရုရှားကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်လို့ ခြိမ်းခြောက်သွားပါတယ်။ LuduNwayOoစက်တင်ဘာ 17, 2022
ဗီဒီယို အကျဉ်းသားတွေကို စစ်မြေပြင် စေလွှတ်တာ မမှားကြောင်း ရုရှား ကြေးစားစစ်တပ် အကြီးအကဲပြော ပရီဂိုဇင်ကတော့ ထောင်သားတွေကို သူ့အတွက် စစ်တိုက်ပေးဖို့ သွားစည်းရုံးခဲ့တဲ့ လုပ်ရပ်ဟာ ဘာအမှားမှ မရှိဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ထောင်ကျနေမယ်ဆိုရင် မိခင် ရုရှားနိုင်ငံအတွက် စစ်တိုက်ပေးပြီး အပြစ်ကြွေးကို ချေဖျက်ခွင့် ရတဲ့အပေါ် အရမ်းဂုဏ်ယူမိလိမ့်မယ်လို့ ပရီဂိုဇင်က ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 16, 2022
ဗီဒီယို ရုရှားလက်က လွတ်မြောက်လာတဲ့ မြို့ထဲမှာ လူပေါင်း ရာနဲ့ချီ မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာ ရှာတွေ့ ယူကရိန်းနဲ့ အနောက်မဟာမိတ်နိုင်ငံ အစိုးရတွေက ရုရှားတပ်တွေဟာ ယူကရိန်းက ထိန်းချုပ်နယ်မြေတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲဖူးပေမယ့် ရုရှား အစိုးရက ငြင်းဆိုထားပါတယ်။ LuduNwayOoစက်တင်ဘာ 16, 2022
နိုင်ငံတကာ ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို ရုရှားအစိုးရ စတင်အရေးယူ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို အစောပိုင်းမှာ ကတည်းက ရုရှားရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်း စုံစမ်းခဲ့ပါသေးတယ်။ သူတို့ဟာ ပူတင်နုတ်ထွက်ပေးဖို့ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုစာကို ဒူးမား လွှတ်တော်ဆီ တင်သွင်းဖို့ ကြိုးစားခဲ့တာပါ။ LuduNwayOoစက်တင်ဘာ 15, 2022
နိုင်ငံတကာ ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ ရုရှားနဲ့ ဘီလားရုစ်တို့ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဗြိတိန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံထားရပြီး မြန်မာနိုင်ငံကလည်း ရိုဟင်ဂျာ ပြဿနာ၊ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။ LuduNwayOoစက်တင်ဘာ 13, 2022
နိုင်ငံတကာ ယူကရိန်း တန်ပြန်ထိုးစစ် စတင်ပြီး ရက်ပိုင်းအတွင်း ခါကစ်ဗ်မြို့က ရုရှားတပ်တွေ ဆုတ်ခွာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ အင်အား ပြန်စုဖို့အတွက် ခါကစ်ဗ်က တပ်တွေကို ရုပ်သိမ်းစေခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ LuduNwayOoစက်တင်ဘာ 11, 2022