Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယနဲ့ ပူးပေါင်းပြီး ခေတ်မီ စစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ကြောင်း ရုရှားပြော

အိန္ဒိယဟာ ဆယ်စုနှစ် တော်တော်များများကြာအောင် ရုရှားရဲ့ စစ်လက်နက်တွေကို မှီခိုနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ အိန္ဒိယက ထုတ်လုပ်တဲ့ ဆေးဝါးပစ္စည်းတွေအတွက် စတုတ္ထ အကြီးဆုံး စျေးကွက်လည်း ဖြစ်နေပြန်ပါတယ်။

အိန္ဒိယနဲ့ ပူးပေါင်းပြီး ခေတ်မီ စစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ကြောင်း ရုရှားပြော
အိန္ဒိယနဲ့ ပူးပေါင်းပြီး ခေတ်မီ စစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ကြောင်း ရုရှားပြော

အိန္ဒိယနဲ့ ပူးပေါင်းပြီး စစ်လက်နက်တွေ ထုတ်လုပ်တာမျိုး ရှိကောင်း ရှိလာနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်က သူဟာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကို မော်စကိုမြို့မှာ တွေ့ဆုံပြီး ခေတ်မီ လက်နက်တွေကို နှစ်နိုင်ငံ ပူးပေါင်း ထုတ်လုပ်ရေး ကိစ္စအတွက်ပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ လက်ဗ်ရော့ဗ်က ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စ ဖြစ်မြောက်လာမယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံတာမျိုး မဟုတ်သေးဘူးလို့လည်း လက်ဗ်ရော့ဗ်က ပြောပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အခုနှစ်အတွင်းမှာ ၅ ကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း၊ အဲဒီထဲမှာ ခေတ်မီ စစ်လက်နက်တွေကို ပူးပေါင်းထုတ်လုပ်နိုင်မလားဆိုတဲ့ ရှုထောင့်လည်း အပါအဝင်ဖြစ်ကြောင်း လက်ဗ်ရော့ဗ်က မှတ်ချက် ပေးခဲ့ပါတယ်။ နောက်ပြီး စွမ်းအင်ကဏ္ဍနဲ့ အာကာသ စူးစမ်းလေ့လာရေး အပါအဝင် တခြားကိစ္စတွေမှာပါ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက်စလုံးက လိုလိုလားလား တိုင်ပင် နှီးနှောခဲ့ကြကြောင်း သူက ဆိုပါတယ်။

အိန္ဒိယဟာ ဆယ်စုနှစ် တော်တော်များများကြာအောင် ရုရှားရဲ့ စစ်လက်နက်တွေကို မှီခိုနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ အိန္ဒိယက ထုတ်လုပ်တဲ့ ဆေးဝါးပစ္စည်းတွေအတွက် စတုတ္ထ အကြီးဆုံး စျေးကွက်လည်း ဖြစ်နေပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ အစိုးရဟာ ရုရှားနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ဂုဏ်ပြု ကြွေးကြော်ထားသလို ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားအပေါ် ရှုတ်ချခြင်း မပြုတဲ့ ကမ္ဘာ့နိုင်ငံ အနည်းစုထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုမှာ ပါဝင်ဖို့ ငြင်းဆန်ပြီး ရုရှားဆီက ရေနံကို အစဉ်တစိုက် ဝယ်ယူနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စ​သည့် နိုင်ငံများနှင့်ပတ်သက်​သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။