Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အကြီးအကျယ် အထိနာနေကြောင်း ယူကရိန်း သမ္မတပြော

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်ကတော့ စစ်ပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာပါစေ၊ အမေရိကန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေးနေမယ်လို့ ကြေညာထားပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အကြီးအကျယ် အထိနာနေကြောင်း ယူကရိန်း သမ္မတပြော
နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အကြီးအကျယ် အထိနာနေကြောင်း ယူကရိန်း သမ္မတပြော

ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ရုရှားတပ်တွေ အတုံးအရုံး ထိခိုက်သေကြေနေကြတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှား စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းနိုင်ငံ အနှံ့က အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ သိသိသာသာ အရှိန်မြှင့်တင်လာခဲ့ပါတယ်။ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထိမှန်မှုကြောင့် ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်း နိုင်ငံအနှံ့မှာ လျှပ်စစ်မီးနဲ့ သောက်ရေ ပြတ်တောက်မှုတွေ ကြုံတွေ့နေပါတယ်။

ဇီလန်စကီးကတော့ ရုရှားက အခုလိုမျိုး အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတာဟာ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်က ရှုံးနိမ့်မှုတွေကြောင့်လို့ ဆိုပါတယ်။ လေ့လာသူတွေက ယူကရိန်း-ရုရှား စစ်ပွဲဟာ အအေးဓာတ် လွန်ကဲပြင်းထန်တဲ့ ဆောင်းရာသီ ကာလမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်နေမယ်လို့ ခန့်မှန်းထားပါတယ်။

ဇီလန်စကီးကတော့ ယူကရိန်း တပ်တွေဟာ ဒွန်းဘက်စ်ဒေသမှာ စစ်ဆင်ရေး အရှိန်ကို ဆက်လက် မြှင့်တင်နေပြီး ရုရှားက အကြီးအကျယ် အထိနာနေကြောင်း၊ ဒီစစ်ဆင်ရေးတွေကို ဆောင်းတွင်းမှာပါ ရှေ့ဆက်နိုင်ဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်ကတော့ စစ်ပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာပါစေ၊ အမေရိကန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေးနေမယ်လို့ ကြေညာထားပါတယ်။

အမေရိကန်ဟာ ရုရှားကျူးကျော်စစ် စတင်ချိန်ကတည်းက ယူကရိန်းအတွက် ဒေါ်လာ ၁၈.၂ ဘီလီယံဖိုး စစ်လက်နက်တွေနဲ့ တခြားအထောက်အပံ့တွေ ပေးပို့ ကူညီထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။