Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အကြီးအကျယ် အထိနာနေကြောင်း ယူကရိန်း သမ္မတပြော

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်ကတော့ စစ်ပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာပါစေ၊ အမေရိကန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေးနေမယ်လို့ ကြေညာထားပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အကြီးအကျယ် အထိနာနေကြောင်း ယူကရိန်း သမ္မတပြော
နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အကြီးအကျယ် အထိနာနေကြောင်း ယူကရိန်း သမ္မတပြော

ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ရုရှားတပ်တွေ အတုံးအရုံး ထိခိုက်သေကြေနေကြတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှား စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းနိုင်ငံ အနှံ့က အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ သိသိသာသာ အရှိန်မြှင့်တင်လာခဲ့ပါတယ်။ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထိမှန်မှုကြောင့် ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်း နိုင်ငံအနှံ့မှာ လျှပ်စစ်မီးနဲ့ သောက်ရေ ပြတ်တောက်မှုတွေ ကြုံတွေ့နေပါတယ်။

ဇီလန်စကီးကတော့ ရုရှားက အခုလိုမျိုး အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတာဟာ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်က ရှုံးနိမ့်မှုတွေကြောင့်လို့ ဆိုပါတယ်။ လေ့လာသူတွေက ယူကရိန်း-ရုရှား စစ်ပွဲဟာ အအေးဓာတ် လွန်ကဲပြင်းထန်တဲ့ ဆောင်းရာသီ ကာလမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်နေမယ်လို့ ခန့်မှန်းထားပါတယ်။

ဇီလန်စကီးကတော့ ယူကရိန်း တပ်တွေဟာ ဒွန်းဘက်စ်ဒေသမှာ စစ်ဆင်ရေး အရှိန်ကို ဆက်လက် မြှင့်တင်နေပြီး ရုရှားက အကြီးအကျယ် အထိနာနေကြောင်း၊ ဒီစစ်ဆင်ရေးတွေကို ဆောင်းတွင်းမှာပါ ရှေ့ဆက်နိုင်ဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်ကတော့ စစ်ပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာပါစေ၊ အမေရိကန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေးနေမယ်လို့ ကြေညာထားပါတယ်။

အမေရိကန်ဟာ ရုရှားကျူးကျော်စစ် စတင်ချိန်ကတည်းက ယူကရိန်းအတွက် ဒေါ်လာ ၁၈.၂ ဘီလီယံဖိုး စစ်လက်နက်တွေနဲ့ တခြားအထောက်အပံ့တွေ ပေးပို့ ကူညီထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။