Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှား စစ်လက်နက်တွေ နည်းပညာပိုင်း အဆင့်မြှင့်ဖို့ လိုအပ်နေပြီလို့ ပူတင် ဝန်ခံ

ပူတင်ရဲ့ အခုလို ဝန်ခံမှုဟာ ဩဂုတ်လတုန်းက မဟာမိတ် နိုင်ငံတွေက စစ်ဦးစီးတွေရှေ့မှာ သူကိုယ်တိုင် ကြွားဝါဖူးတဲ့ ရုရှားရဲ့ စစ်လက်နက်တွေဟာ အရမ်း ခေတ်မီဆန်းသစ်ပြီး ပြိုင်ဘက်တွေထက် ဆယ်စုနှစ်တွေနဲ့ချီ ခေတ်ရှေ့ပြေးနေတယ်ဆိုတဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

နိုင်ငံရဲ့ စစ်လက်နက်တွေကို ခေတ်နဲ့အညီ မွမ်းမံ အဆင့်မြှင့်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ပြန်လည် စိစစ်သုံးသပ်နေတဲ့ ကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာ ပူတင်က နိုင်ငံရဲ့ စစ်လက်နက်တွေ နည်းပညာပိုင်း နောက်ကျကျန်နေကြောင်း မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆိုရင်တော့ ပူတင်နဲ့ ကရင်မလင် နန်းတော်က အရာရှိကြီးတွေဟာ ရုရှားရဲ့ စစ်သုံးလက်နက်တွေ ဘယ်လောက် အစွမ်းထက်ကြောင်း၊ ခေတ်မီကြောင်းတွေကိုသာ ရွှန်းရွှန်းဝေအောင် ချီးကျူး ပြောဆိုနေလေ့ ရှိပါတယ်။

ပူတင်က ယူကရိန်း စစ်ပွဲဟာ ရုရှားရဲ့ ကာကွယ်ရေး နည်းပညာ စွမ်းရည်နဲ့ ပတ်သက်လို့ ထိရောက်တဲ့ လက်တွေ့ကျကျ သုံးသပ်မှုတွေကို ထွက်ပေါ်လာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကာကွယ်ရေး ပစ္စည်း အသုံးအဆောင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေသူတွေဆီက သဘောထား မှတ်ချက်တွေကို နားစွင့်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်တွေ၊ အသုံးအဆောင်တွေဟာ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို လက်တွေ့ သုံးစွဲနေသူတွေဆီက အမြင်ကို ပြန်ဆန်းစစ်ဖို့ အရမ်းအရေးကြီးကြောင်း၊ တစ်ချိန်တည်းမှာပဲ ရှိရင်းစွဲ စစ်လက်နက်တွေကိုလည်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ခေတ်သစ် စစ်ပွဲတွေအတွက် အမှန်တကယ် ထိရောက် အစွမ်းထက်တဲ့ တိုက်ပွဲဝင် စွမ်းရည်ကို ပိုင်ဆိုင်နေမှာဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်လက်နက် စွမ်းရည်ကို မြှင့်တင်ဖို့အတွက် ရုရှား အစိုးရအနေနဲ့ ပြည်တွင်းမှာ ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုကို မြှင့်တင်ပေးဖို့ စီမံသွားမယ်လို့ ပူတင်က ပြောကြားခဲ့ကြောင်းလည်း ကရင်မလင် နန်းတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပူတင်ရဲ့ အခုလို ဝန်ခံမှုဟာ ဩဂုတ်လတုန်းက မဟာမိတ် နိုင်ငံတွေက စစ်ဦးစီးတွေရှေ့မှာ သူကိုယ်တိုင် ကြွားဝါဖူးတဲ့ ရုရှားရဲ့ စစ်လက်နက်တွေဟာ အရမ်း ခေတ်မီဆန်းသစ်ပြီး ပြိုင်ဘက်တွေထက် ဆယ်စုနှစ်တွေနဲ့ချီ ခေတ်ရှေ့ပြေးနေတယ်ဆိုတဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

နောက်ပြီး ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ ခေတ်အမီဆုံး စစ်လက်နက် အမြောက်အမြား ပျက်စီးခဲ့တာကြောင့် ဆိုဗီယက်ခေတ်က လက်နက်အဟောင်းတွေကိုပါ ပြန်လည် အသုံးပြုနေရကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးက ပြောပါတယ်။ ဒါ့အပြင် ရုရှားဟာ အီရန်ဆီက စစ်လက်နက်တွေပါ ဝယ်ယူနေရပြီး အခုဆိုရင် မြောက်ကိုရီးယားဆီက လက်နက်ဝယ်ဖို့ပါ တိတ်တဆိတ် ဆက်သွယ်နေကြောင်း အမေရိကန်က စွပ်စွဲ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။