နိုင်ငံတကာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကိုပါ ရုရှားစစ်တပ် တိုက်ခိုက်နေတယ်လို့ ယူကရိန်း စွပ်စွဲ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ယူကရိန်းမှာ ရှိနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတချို့ တိုက်ခိုက် ခံခဲ့ရကြောင်း အတည်ပြုသွားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း WHOက ပြောပါတယ်။ LuduNwayOoမတ် 7, 2022
နိုင်ငံတကာ ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄၀၀၀ ကျော်လောက် အဖမ်းခံထားရ ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေရော၊ ရုရှား အာဏာပိုင်တွေကပါ အတည်ပြုခဲ့ပါတယ်။ မော်စကိုမြို့တော်မှာတင် ဖမ်းဆီး ထိန်းသိမ်း ခံရသူ ၁၇၀၀ လောက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။ LuduNwayOoမတ် 7, 2022
News စီးပွားရေး ပိတ်ဆို့မှုတွေကို စစ်ကြေညာမှုအနေနဲ့ ယူဆကြောင်း ပူတင်ပြော အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှား အစိုးရကို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ထိုးနှက်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရုရှား ဗဟိုဘဏ်ရဲ့ နိုင်ငံတကာမှာ အပ်နှံထားတဲ့ နိုင်ငံခြား ငွေကြေးတွေ ထိန်းချုပ် ခံရသလို... LuduNwayOoမတ် 6, 2022
နိုင်ငံတကာ ရုရှား-ယူကရိန်း ပြဿနာမှာ တစ်ဖက်ဖက်ကို ရွေးရတော့မယ့် အိန္ဒိယ အိန္ဒိယရဲ့ ကာကွယ်ရေး ကဏ္ဍ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဆီက ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာရေးရာ ပြဿနာတွေမှာ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဘက်ညီတဲ့ လက်တွဲဖော်တွေ အနေနဲ့ ရပ်တည်ခဲ့ကြဖူးပါတယ်။ LuduNwayOoမတ် 6, 2022
နိုင်ငံတကာ ယူကရိန်းက ဓာတ်အားပေးစက်ရုံတစ်ခု ရုရှားရဲ့ လက်နက်ကြီးထိမှန် ကုလသမဂ္ဂရဲ့ နျူကလီးယားစွမ်းအင် စောင့်ကြည့်အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီက လက်နက်ကြီး ထိမှန် ပျက်စီးသွားတဲ့ အဆောက်အအုံ အစိတ်အပိုင်းတွေဟာ ဓာတ်အားပေး စက်ရုံရဲ့ အရေးကြီးတဲ့ ကိရိယာတွေတော့ မဟုတ်ဘူးလို့ မှတ်ချက်ပေး ပြောဆိုထားပါတယ်။ LuduNwayOoမတ် 4, 2022
နိုင်ငံတကာ ပူတင်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် စွပ်စွဲ ဒီအတောအတွင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေ ကာရင်မ်ခန်းက သူဟာ ယူကရိန်း စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ ဆန်းစစ် စုံစမ်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ LuduNwayOoမတ် 3, 2022
နိုင်ငံတကာ စစ်ဖြစ်နေချိန် ရုရှား နျူကလီးယား တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ပူတင်ရဲ့ အမိန့်နဲ့ ဆက်နွှယ်မှု ရှိမရှိ ဆိုတာတော့ မသိရသေးပါဘူး။ LuduNwayOoမတ် 2, 2022
နိုင်ငံတကာ မိုင် ၄၀ ရှည်တဲ့ ရုရှား စစ်ယာဉ်တန်းကြောင့် ကိယက်ဗ် မြို့ခံတွေ အထိတ်တလန့်ဖြစ် အရင်က စစ်ပွဲစပြီး တစ်ရက်လောက်အတွင်း ကိယက်ဗ်ကို ရုရှားတပ်တွေ ရောက်လာမယ်လို့ ခန့်မှန်းထားပေမယ့် အခုဆိုရင် ၆ ရက်လောက် ကြာလာတဲ့ထိ ယူကရိန်း စစ်သည်တွေက အားကောင်းကောင်းနဲ့ တုံ့ပြန် ခုခံနေကြဆဲ ဖြစ်ပါတယ်။ LuduNwayOoမတ် 1, 2022
နိုင်ငံတကာ ၅ ရက်အတွင်း ရုရှားစစ်သား ၅၀၀၀ ကျော် သေခဲ့ကြောင်း ယူကရိန်း မီဒီယာတစ်ခု ဖော်ပြ စစ်မြေပြင်မှာ ထိခိုက် ဆုံးရှုံးမှုတွေကို အတိအကျ စာရင်းကောက်ယူဖို့ ခက်ခဲလွန်းပေမယ့် ဒီကိန်းဂဏန်းတွေကတော့ လက်တွေ့နဲ့ အနီးစပ်ဆုံး ဖြစ်နိုင်အောင် ကြိုးစား အတည်ပြုထားတယ်လို့ Kyiv Independentက ဆိုပါတယ်။ LuduNwayOoမတ် 1, 2022
နိုင်ငံတကာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကြီး AN-225 Mriyaကို ဆိုဗီယက်ခေတ်မှာ Antonov ကုမ္ပဏီက တည်ဆောက်ခဲ့ပါတယ်။ Mariyaဟာ နောက်ထပ် အမျိုးအစားတူ လုံးဝ ထပ်မတည်ဆောက်ဖြစ်တော့တာကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ တစ်စီးတည်းသော ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာပါတယ်။ LuduNwayOoဖေဖော်ဝါရီ 28, 2022