Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကြီး

AN-225 Mriyaကို ဆိုဗီယက်ခေတ်မှာ Antonov ကုမ္ပဏီက တည်ဆောက်ခဲ့ပါတယ်။ Mariyaဟာ နောက်ထပ် အမျိုးအစားတူ လုံးဝ ထပ်မတည်ဆောက်ဖြစ်တော့တာကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ တစ်စီးတည်းသော ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ အရွယ်အစား အကြီးမားဆုံး လေယာဉ်ကြီးဟာ ယူကရိန်း လေဆိပ်တစ်ခုမှာ ရှိနေတုန်း မီးလောင် ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

AN-225 Mriyaကို ဆိုဗီယက်ခေတ်မှာ Antonov ကုမ္ပဏီက တည်ဆောက်ခဲ့ပါတယ်။ Mariyaဟာ နောက်ထပ် အမျိုးအစားတူ လုံးဝ ထပ်မတည်ဆောက်ဖြစ်တော့တာကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ တစ်စီးတည်းသော ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာပါတယ်။

ဒီလေယာဉ်ကြီးဟာ ၈၄ မီတာ ရှည်လျားပြီး တောင်ပံနှစ်ဖက် အစွန်းတွေကြား ၈၈.၄ မီတာ ကျယ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ဒီလေယာဉ်ကြီးကို ယူကရိန်း နိုင်ငံက ပိုင်ဆိုင်လာပြီး ဒေါ်လာ သန်း ၂၀ ကျော် အကုန်အကျခံ ပြန်လည် ပြုပြင် မွမ်းမံခဲ့တဲ့နောက် ကုန်တန်ချိန် ၆၄၀ လောက်ထိ တင်ဆောင် ပျံသန်းနိုင်စွမ်း ရှိလာပါတယ်။

အခုအခါမှာတော့ ကိယက်ဗ် မြို့တော်နားက ဟော့စ်တိုမဲလ် လေတပ်စခန်းကို ရုရှားစစ်တပ်က တိုက်ခိုက်ခဲ့ချိန်မှာ Mriyaလည်း မီးလောင် ပျက်စီးသွားခဲ့ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။ ပြီးတော့ လေဆိပ်ထဲက Mriya ထားရှိရာ လေယာဉ်ရုံကြီး ဆိုးဆိုးရွားရွား မီးလောင်ထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ရုံကို ဒုံးကျည် တိုက်ရိုက် ထိမှန်ပြီး မီးလောင်ခဲ့သလား၊ ဒါမှမဟုတ် တိုက်ရိုက် ပစ်ခတ်ခံရတာ မဟုတ်ဘဲ မီးကူးစက်ခဲ့သလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။

Mryiaဆိုတာဟာ ယူကရိန်း ဘာသာအရ အိပ်မက်လို့ အဓိပ္ပါယ် ရပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက ရုရှားဟာ Mriyaကို ဖျက်ဆီးလို့ ရပေမယ့် လွတ်လပ်တဲ့၊ ဒီမိုကရေစီ ပြည့်ဝတဲ့ ဥရောပ နိုင်ငံ တစ်ခုအနေနဲ့ ရပ်တည်ချင်တဲ့ ယူကရိန်း ပြည်သူတွေရဲ့ အိပ်မက်ကိုတော့ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။