Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကြီး

AN-225 Mriyaကို ဆိုဗီယက်ခေတ်မှာ Antonov ကုမ္ပဏီက တည်ဆောက်ခဲ့ပါတယ်။ Mariyaဟာ နောက်ထပ် အမျိုးအစားတူ လုံးဝ ထပ်မတည်ဆောက်ဖြစ်တော့တာကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ တစ်စီးတည်းသော ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ အရွယ်အစား အကြီးမားဆုံး လေယာဉ်ကြီးဟာ ယူကရိန်း လေဆိပ်တစ်ခုမှာ ရှိနေတုန်း မီးလောင် ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

AN-225 Mriyaကို ဆိုဗီယက်ခေတ်မှာ Antonov ကုမ္ပဏီက တည်ဆောက်ခဲ့ပါတယ်။ Mariyaဟာ နောက်ထပ် အမျိုးအစားတူ လုံးဝ ထပ်မတည်ဆောက်ဖြစ်တော့တာကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ တစ်စီးတည်းသော ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာပါတယ်။

ဒီလေယာဉ်ကြီးဟာ ၈၄ မီတာ ရှည်လျားပြီး တောင်ပံနှစ်ဖက် အစွန်းတွေကြား ၈၈.၄ မီတာ ကျယ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ဒီလေယာဉ်ကြီးကို ယူကရိန်း နိုင်ငံက ပိုင်ဆိုင်လာပြီး ဒေါ်လာ သန်း ၂၀ ကျော် အကုန်အကျခံ ပြန်လည် ပြုပြင် မွမ်းမံခဲ့တဲ့နောက် ကုန်တန်ချိန် ၆၄၀ လောက်ထိ တင်ဆောင် ပျံသန်းနိုင်စွမ်း ရှိလာပါတယ်။

အခုအခါမှာတော့ ကိယက်ဗ် မြို့တော်နားက ဟော့စ်တိုမဲလ် လေတပ်စခန်းကို ရုရှားစစ်တပ်က တိုက်ခိုက်ခဲ့ချိန်မှာ Mriyaလည်း မီးလောင် ပျက်စီးသွားခဲ့ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။ ပြီးတော့ လေဆိပ်ထဲက Mriya ထားရှိရာ လေယာဉ်ရုံကြီး ဆိုးဆိုးရွားရွား မီးလောင်ထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ရုံကို ဒုံးကျည် တိုက်ရိုက် ထိမှန်ပြီး မီးလောင်ခဲ့သလား၊ ဒါမှမဟုတ် တိုက်ရိုက် ပစ်ခတ်ခံရတာ မဟုတ်ဘဲ မီးကူးစက်ခဲ့သလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။

Mryiaဆိုတာဟာ ယူကရိန်း ဘာသာအရ အိပ်မက်လို့ အဓိပ္ပါယ် ရပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက ရုရှားဟာ Mriyaကို ဖျက်ဆီးလို့ ရပေမယ့် လွတ်လပ်တဲ့၊ ဒီမိုကရေစီ ပြည့်ဝတဲ့ ဥရောပ နိုင်ငံ တစ်ခုအနေနဲ့ ရပ်တည်ချင်တဲ့ ယူကရိန်း ပြည်သူတွေရဲ့ အိပ်မက်ကိုတော့ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။