Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိုင် ၄၀ ရှည်တဲ့ ရုရှား စစ်ယာဉ်တန်းကြောင့် ကိယက်ဗ် မြို့ခံတွေ အထိတ်တလန့်ဖြစ်

အရင်က စစ်ပွဲစပြီး တစ်ရက်လောက်အတွင်း ကိယက်ဗ်ကို ရုရှားတပ်တွေ ရောက်လာမယ်လို့ ခန့်မှန်းထားပေမယ့် အခုဆိုရင် ၆ ရက်လောက် ကြာလာတဲ့ထိ ယူကရိန်း စစ်သည်တွေက အားကောင်းကောင်းနဲ့ တုံ့ပြန် ခုခံနေကြဆဲ ဖြစ်ပါတယ်။

မိုင် ၄၀ လောက် ရှည်လျားတဲ့ ရုရှား စစ်ယာဉ်တန်းကြီး ချဉ်းကပ်လာတာကြောင့် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာ အထိတ်တလန့် ဖြစ်နေကြပါတယ်။

ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ရုရှား စစ်တပ်ရဲ့ တင့်ကားတွေ၊ အမြောက်တွေနဲ့ သံချပ်ကာယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်းကြီးဟာ မိုင် ၄၀ လောက် ရှည်လျားနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရုရှား တပ်တွေဟာ အလယ်ခေတ်က မြို့သိမ်း စစ်ပွဲတွေရဲ့ ကြမ်းကြုတ်တဲ့ နည်းဗျူဟာကို အသုံးပြုနေတယ်ဆိုတဲ့ သတင်းစကားတွေကလည်း ကိယက်ဗ် မြို့ခံတွေကို ပိုမို စိုးရိမ်လာစေပါတယ်။

အဲဒီ နည်းလမ်းတွေက မြို့ကို စစ်အင်အား အလုံးအရင်းနဲ့ ဝန်းရံ ပိတ်ဆို့၊ ရိက္ခာလမ်းကြောင်းတွေ အကုန်ဖြတ်တောက်ထားတာမျိုး ဖြစ်ပါတယ်။ ယူကရိန်းဟာ အင်အား အဆမတန် သာလွန်တဲ့ ရုရှားတပ်တွေကို အတော်လေး ထိထိရောက်ရောက် ဟန့်တားထားနိုင်ဆဲ ဖြစ်ပါတယ်။

အရင်က စစ်ပွဲစပြီး တစ်ရက်လောက်အတွင်း ကိယက်ဗ်ကို ရုရှားတပ်တွေ ရောက်လာမယ်လို့ ခန့်မှန်းထားပေမယ့် အခုဆိုရင် ၆ ရက်လောက် ကြာလာတဲ့ထိ ယူကရိန်း စစ်သည်တွေက အားကောင်းကောင်းနဲ့ တုံ့ပြန် ခုခံနေကြဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် လွှတ်တော် အမတ်တွေကတော့ ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်တွေက အဖွင့်ကာလမှာ မျှော်မှန်းထားသလို မဖြစ်ခဲ့တဲ့အတွက် ပိုပြီး ဆိုးယုတ် ကြမ်းတမ်းလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန် စစ်ထောက်လှမ်းရေး သတင်းတွေရဲ့ အဆိုအရ အခုဆိုရင် ရုရှားစစ်တပ် အင်အား စုစုပေါင်းရဲ့ လေးပုံသုံးပုံဟာ ယူကရိန်း နိုင်ငံ ပိုင်နက်ထဲ ရောက်နေတယ်လို့ သိရပါတယ်။

ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ ဘီလားရုစ် နိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးနေကြပေမယ့် တစ်ဖက်မှာလည်း ရုရှားက ကိယက်ဗ်ကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် အားထုတ်နေဆဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ ကိယက်ဗ်နဲ့ အနီးတဝိုက်မှာ ပေါက်ကွဲသံတွေ ပိုများပြားပြီး လူနေ ဧရိယာတွေဆီ ဒုံးကျည်တွေ ကျရောက်မှုလည်း ပိုမို ထူထပ်လာနေကြောင်း မြို့ခံတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။