Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် စစ်ကိုင်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ၊လူထုတိုက်ပွဲဦးဆောင်ကော်မတီက သီတင်းကျွတ်လပြည့်၊”တော်လှန်ဆီမီးထွန်းသပိတ်” လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့တဲ့ မုံရွာ-ချောင်းဦးမှ ဒေသခံပြည်သူတွေနဲ့ မြင့်မြတ်စွာအသက်ပေးလှူခဲ့တဲ့ မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့ဝင်တွေအတွက် ဖယောင်းတိုင်ထွန်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) မှ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြဖို့ ပြည်သူလူထုကို လှုံ့ဆော်စည်းရုံးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

သမဂ္ဂရဲဘော်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး ပန်းဖလက်တွေကိုလည်း ဘုတလင်လင်မြို့နယ်ရှိ ကျေးရွာတွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဘုတလင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေါင်းရာဇာပင်မသပိတ်ဦးဆောင်ပြီး “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက် ၊ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဟူသော စာသားတွေကိုင်ဆောင်ကာ ဆီမီးသပိတ်ပြုလုပ်ခဲ့တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာတပ်နဲ့ ဗုံးကြဲချခဲ့ရာ အရပ်သားပြည်သူ ၂၈ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB ၊ ကလေးမြို့နယ်သပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook