သတင်း
သီပေါမြို့တွင် ယမန်နေ့(ဩဂုတ်လ ၁၁ရက်)ညပိုင်းအထိတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ယနေ့နံနက်ပိုင်း အခြေအနေတည်ငြိမ်နေပြီး မြို့ခံအများအပြားသည် ကျောက်မဲမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိသည်။