Connect with us

Hi, what are you looking for?

သတင်း

သီ​ပေါတိုက်ပွဲ စစ်သားများကိုလက်နက်များထားထွက်သွားရန် ညှိနှိုင်းမှု အ​ပေါ် လက်နက်များပါ ယူသွားလို​သဖြင့် ညပိုင်းတွင်တိုက်ပွဲပြန်ဖြစ်

သီပေါမြို့အထိမနာစေရေး လက်နက်ချရန် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းမှုကို စစ်ကောင်စီတပ်က ငြင်းဆန်ပြီးနောက်ယ​နေ့(သြဂုတ် ၁၀) ည ၇နာရီခန့်မှစ၍ မြို့မြောက်ဘက်ခြမ်း၌ တိုက်ပွဲပြန်ဖြစ်နေသည်။

ရှေ့တန်းတစ်​နေရာမှTNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA

မိထက်/People’s Spring

သီပေါမြို့အထိမနာစေရေး လက်နက်ချရန် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းမှုကို စစ်ကောင်စီတပ်က ငြင်းဆန်ပြီးနောက်ယ​နေ့(သြဂုတ် ၁၀) ည ၇နာရီခန့်မှစ၍ မြို့မြောက်ဘက်ခြမ်း၌ တိုက်ပွဲပြန်ဖြစ်နေသည်။

“လက်နက်တွေထားပြီး အေးဆေးထွက်သွားဖို့ညှိတာ။ စစ်ကောင်စီက လက်နက်တွေသယ်သွားချင်တာ။ အဲ့ဒါနဲ့ ညှ်ိမရဘဲ တိုက်ပွဲပြန်ဖြစ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

သြဂုတ် ၁၀ ရက် ညပိုင်းတွင် မြို့မြောက်ခြမ်းနမ့်ပေါ့ချောင်းအနီး၌ တိုက်ပွဲပြန်ဖြစ်နေခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုလည်း ရှိနေသည်။

Public Service Announcement

Public Service Announcement

သီပေါမြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို ယနေ့(သြဂုတ် ၁၀ရက်) နံနက်အစောပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ခလရ(၂၃)၊ ခမရ (၅၀၃)၊ခမရ(၅၀၄)တပ်ရင်းများအတွင်းသို့ ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းခဲ့သည်။ ညှိနိုင်းနေစဉ် စစ်ကောင်စီက ဘေကြောင်းမှ ကင်းပတ်နေခဲ့သည်။ လက်နက်ချရန် ညှိနှိုင်းသော်လည်း အဆင်မပြေဘဲ တိုက်ပွဲပြန်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ရှမ်း​​မြောက်နှင့်မန္တ​လေးတိုင်းစစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

နေ့လယ်ပိုင်းက တိုက်ပွဲတွင် သီပေါထောင်လည်း ပွင့်သွားပြီးနိုင်ငံ​​ရေးအကျဉ်းသား ၂၉ဦးအပါအဝင် အကျဉ်းသား ၁၀၉ ဦးကို မဟာမိတ်တပ်များက ကယ်ထုတ်ခဲ့သည်။

တိုက်ပွဲပြင်းထန်‌ နေစဉ် အကျဉ်းသားများသည် ကိုယ်နည်းကိုယ်ဟန်ဖြင့်ထောင်ဖောက်ထွက်ပြေးလာခြင်းဟု လွတ်မြောက်လာသော အကျဉ်းသားများ၏ ပြောကြားချက်ကို ကိုးကား၍ ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။

သီပေါအကျဉ်းထောင်ကိုလည်း TNLA က သိမ်းပိုက်ထားပြီး ထောင်ဝန်ထမ်းအချို့ကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

TNLA က သီ​ပေါမြို့ တွင် သြဂုတ် ၁၀ ရက်တိုက်ပွဲနှင့်ပက်သက်၍ သတင်းထုတ်ပြန်ရာတွင်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၊(၄၇)ရက်မြောက်​နေ့တွင်သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်)၌ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ် စကခ(၁)လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း​​ဖော်ပြထားသည်။​ ထိုအပြင် သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုအသိ​ပေးထားသည်။

ထိုအပြင် စစ်​ကောင်စီတပ်ကသြဂုတ်လ(၉)ရက်နေ့တွင်လည်း သီပေါမြို့ မိုင်တိုင် (၉)တွင် Y-12 လေယာဉ်ဖြင့် ဗုံး (၅၀)လုံးပစ်ချ တိုက်ခိုက်ခဲ့သည်ဟုလည်းTNLAကထုတ်ပြန်သည်။

ရှမ်းပြည်နယ်​မြောက်ပိုင်း တစ်နယ်လုံးတွင်တော်လှန်​ရေးတပ်များက တိုင်းစစ်ဌာနချုပ် ရမခ လားရှိုး မြို့ အပါအဝင် မြို့ အများစုကိုသိမ်းပိုက်ထားပြီး မူဆယ် ၊သီ​ပေါ အပါအဝင် ၄ မြို့တွင်သာစစ်တပ်ကျန်ရှိ​တော့သည်။သီ​ပေါမြို့ ပါတ်

ပါတ်လည်ရှိ မြို့များကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်၍ သီ​ပေါမြို့မှာလည်း မြို့​တောင်ဘက်ပိုင်းမှအပ ကျန်​အရပ်မျက်နှာများတွင် ​တော်လှန်​ရေးတပ်များ၏ ပိတ်ဆို့ခံထားရ​သောအ​ခြေအ​နေ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။