Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

TNLAက သိမ်းပိုက်ထားပြီးဖြစ်သည့် နောင်ချိုမြို့တွင် နေရာ ၂ခု၌ တိုက်ပွဲဖြစ်နေပြီး TNLAက သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် သီပေါမြို့တွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့နယ် တောင်ခမ်းနှင့် နောင်လင်ကျေးရွာ၌ တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်တို့နှင့် တိုက်ပွဲဖြစ်ခဲ့ဟု အသိပေးသည်။

အဆိုပါ တပ်ရင်းများ၌ ယမန်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်လျက်ရှိရာ ယနေ့တွင်လည်း Y12 ဖြင့် ဗုံးလေးလုံးကြဲချခဲ့သည်ဟု ဆိုသည်။

သီပေါမြို့ ခလရ (၂၃)တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး(၁၂၄)လုံး လာရောက်ကြဲချခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

သီပေါမြို့တွင် ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ​၏ Y-12လေယာဉ်တစ်စီးအား တွေ့ရစဉ်။ဓာတ်ပုံ – TNLA

စစ်ကောင်စီအနေဖြင့် စခန်းသိမ်းပိုက်ခံရချိန် နီးကပ်သည့် အခြေအနေတွင် လေကြောင်းပစ်ကူ အကြိမ်ပေါင်းများစွာပေးခြင်း၊ လေကြောင်းမှ လက်နက်ခဲယမ်းများ ဖြည့်တင်းခြင်းများ ပြုလုပ်လေ့ရှိသည်။

TNLA အနေဖြင့် ၁၀၂၇စစ်ဆင်ရေးတွင် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို သိမ်းပိုက်ထားပြီး သီပေါမြို့ရရှိရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။