Connect with us

Hi, what are you looking for?

သတင်း

သီပေါအကျဉ်းထောင်အပါအဝင် နေရာနှစ်ခုတွင် တိုက်ပွဲဖြစ်

သီပေါအကျဉ်းထောင်မှ နိုင်ကျဉ်းများလွတ်မြောက်ဟုဆို

ရှေ့တန်းတစ်​နေရာမှTNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီတပ်များကို တအာင်းတပ်မတော် (TNLA)က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယနေ့ နေရာနှစ်ခုတွင်တိုက်ပွဲ ဖြစ်ခဲ့သည်ဟု TNLAက အသိပေးသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၄၇ရက်မြောက် စစ်ရေးအခြေအနေကို ဖော်ပြရာ သီပေါမြို့၌တိုက်ပွဲဖြစ်ပွားပြီး နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ဟု အသိပေးသည်။

သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်)၌ ယနေ့ နံနက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

TNLAနှင့်စစ်ကောင်စီ၏ စကခ(၁) လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဟု ဖော်ပြသည်။

ထို့ပြင် သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

သီပေါတိုက်ပွဲတွင် အကျဉ်းထောင်ရှိ အကျဉ်းသားများ လည်းလွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေများ TNLA၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ထို့ကြောင့် အကျဉ်းသားများ လွတ်မြောက်မှု အပါအဝင် သီပေါတိုက်ပွဲအခြေအနေကို မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

သြဂုတ် ၉ရက်တွင်လည်း သီပေါမြို့ မိုင်တိုင် (၉)နေရာကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံး (၅၀)လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် ရွှေမုဌောရွာ၌လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ Y12 လေယာဉ်ဖြင့် ၇ကြိမ် တိုက်ခိုက်ခဲ့ရာ ဗုံး အလုံး ၄၀ ကျော် အသုံးပြု ကြဲချခဲ့သည်ဟု ဆိုသည်။

TNLAနှင့် မဟာမိတ်များသည် ဇွန်လ ၂၅ရက်မှစ၍ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်မြို့များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သီပေါမြို့တစ်ခုသာ ကျန်တော့ပြီး ကျန်မြို့များကို အပြီးသတ် သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

Facebook