News ချောင်းဦး(ပ.က.ဖ)မှ ညမထွက်ရအမိန့်အပါအဝင် ဒေသန္တရအမိန့် ထုတ်ပြန် ဒေသတွင်း ထူးခြားဖြစ်စဥ်ရှိပါက ဒေသကာကွယ်ရေးအဖွဲ့များထံ သတင်းပေးပို့ရမည်ဖြစ်ပြီး ဤအမိန့်သည် နောက်ထပ်တစ်စုံတစ် ရာမထုတ်ပြန်မချင်း ယနေ့ (မတ်လ ၁၅)မှစ အာဏာတည်ကြောင်း အသိပေးသည်။ LuduNwayOoမတ် 16, 2022
News ကျေးရွာများသို့ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၂ဦးသေဟု ချောင်းဦးPDFပြော အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများအထိ ဆက်လက်ချီတက်ခြင်းမပြုတော့ဘဲ သေဆုံးအကြမ်းဖက်စစ်သားရုပ်အလောင်းများကိုကောက်ကာ ချောင်းဦးမြို့ထဲ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။ LuduNwayOoမတ် 14, 2022
News ပုလဲနှင့် ချောင်းဦးတွင် တစ်လအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၉၀ ကျော် သုတ်သင်နိုင်ခဲ့ဟုဆို "တစ်လအတွင်းဆိုတာက ဖေဖော်ဝါရီလလယ်မှ မတ်လလယ်ထိပါ။ (စီးနင်းမှု) သုံးကြိမ်ပါ။ ကျွန်တော်တို့က စီးနင်းတိုက်ခိုက်တာပါ"ဟု ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။ LuduNwayOoမတ် 13, 2022
News ချောင်းဦး-အမြင့်လမ်းပိုင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ငါးဦးသေ၊ နှစ်ဦးဒဏ်ရာရ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ စစ်သားငါးဦးသေဆုံးပြီး ရဲတစ်ဦးခြေထောက်ပြတ်ကာ တစ်ဦးမျက်လုံးကျွတ်ထွက်သွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ LuduNwayOoမတ် 7, 2022
News သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့ကို ချောင်းဦး LPDFများ ပူးပေါင်းတိုက်ခိုက်၊ ပျူစောထီး ငါးဦးသေ ယင်းပျူစောထီးအဖွဲ့များ ဝယာကျေးရွာမှအပြန် ဝယာနှင့် ယာကြီးကြားလမ်းပိုင်းတစ်နေရာတွင် မဟာမိတ်ညီနောင် ဒေသကာကွယ်ရေးအဖွဲ့များမှ ပဒေသာမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ငါးဦးထက်မနည်းရှိကြောင်း အသိပေးထားသည်။ LuduNwayOoမတ် 3, 2022
News ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းပိုင်းတွင် စစ်တပ်ကားတစ်စီး တိုက်ခိုက်ခံရ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆို သည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News ပခုက္ကူ-ချောင်းဦးလမ်းပိုင်းတွင် ဆီသယ်ယာဥ်များအား ဆပ်ကြေးကောက်နေသော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ MA-5 တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ချောင်းဦးမြို့မရဲစခန်းကို တိုက်ခိုက်ရာ နှစ်ဦးသေဟု PDF ထုတ်ပြန် CHU PDF တပ်ခွဲ(၁)မှ ရဲဘော်များသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်)က ချောင်းဦးမြို့နယ်အတွင်း ဝင်ရောက်ကာ မြို့မရဲစခန်း၏ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 24, 2022
News ချောင်းဦးတိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင် သုံးဦးကျဆုံး ချောင်းဦးမြို့နယ်ကံကြီးကုန်းရွာ၏ အရှေ့ဘက်တွင် ယနေ့နံနက် ၁ဝနာရီခန့်မှစတင်ကာ စစ်တပ်နှင့်PDF တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်ကြားတွင် စစ်တပ်အင်အားရာချီရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News မုံရွာ-ချောင်းဦး-မန္တလေးလမ်းပိုင်းအား ယနေ့နံနက်မှစ၍ ယာယီပိတ် "ပြည်သူလူထု ဘေးကင်းလုံခြုံရေးကို ရှေးရှု့၍ အထူးတိုက်တွန်းရခြင်းဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်"ဟု MPDFက ဆိုသည်။ LuduNwayOoဇန်နဝါရီ 31, 2022