Connect with us

Hi, what are you looking for?

News

မုံရွာ – ချောင်းဦးလမ်းပိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ် ကင်း​ပွိုင့်နေရာ စီးနင်းခံရပြီး PDF ငါးဦးကျဆုံး

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာပင်မ သပိတ်စစ်ကြောင်းသည် PDFများနှင့်အတူ လူထုအင်အားအများအပြားဖြင့် မိနစ် ၂၀ကြာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ ကင်းပွိုင့်နေရာတစ်ခု စီးနင်းခံရပြီး ​ဒေသခံPDF ငါးဦး ပစ်သတ်ခံရ၍ ကျဆုံးခဲ့ရကြောင်း မုံရွာသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက အတည်ပြုသည်။

ယနေ့ (ဧပြီ ၁၇ ရက်) နှစ်ဆန်းတစ်ရက်​နေ့ နံနက်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ​ဒေသခံPDF ကင်းပွိုင့်တစ်ခုအား ဒလန်သတင်းပေးမှုဖြင့် ပျူစောထီးများရောက်ရှိလာပြီး PDF ငါးဦးအား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

“သပိတ်စစ်ကြောင်းအပြီး ခဏအကြာမှာပဲ မုံရွာ – ချောင်းဦး လမ်းပိုင်းကို တာဝန်ယူကြီးကြပ်ဆောင်ရွက်နေတဲ့ Local PDF ကင်းပွိုင့်တစ်ခုကို တောပုရွာက ပျူစောထီးတွေက ဒလံသတင်းပေးမှုအရ PDF ပွိုင့်နေရာအတိအကျကိုသိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။PDF ငါးဦးအဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်”ဟု ကိုသန်းကျော်ဦးက ပြောသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာပင်မ သပိတ်စစ်ကြောင်းသည် PDFများနှင့်အတူ လူထုအင်အားအများအပြားဖြင့် မိနစ် ၂၀ကြာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သပိတ်စစ်ကြောင်းသည် စကစ၊ ပျူများနှင့် ထိတွေ့မှု တစ်စုံတစ်ရာမှ မဖြစ်ခဲ့သလို သပိတ်စစ်ကြောင်းလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာ လူစုခွဲနိုင်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းတွင် လိုက်ပါလာသည့် မိဘပြည်သူများနှင့် PDF များ အန္တရာယ်မရှိခဲ့ကြောင်း မုံရွာပင်မသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook