Connect with us

Hi, what are you looking for?

News

ချောင်းဦးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်များအား PDF များက သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်

ချောင်းဦးမြို့နယ်အတွင်း မုံရွာ – အမြင့် – တောကျောင်းကြီး လမ်းပိုင်း၊ ချောင်းဦး – ‌အမြင့် လမ်းပိုင်း၊ ခင်မွန် – ကျီကုန်း – ချောင်းဆုံလမ်းပိုင်းများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှ နောက်ထပ်ကြေညာချက်တစုံတရာ မထုတ်ပြန်မီအထိ ခေတ္တပိတ်ထားလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(CHUPDF)က ယမန်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဥ်များအား သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားကြောင်း ချောင်းဦး PDF က အသိပေးထုတ်ပြန်သည်။

ဧပြီ ၅ ရက် ည ၁၀နာရီခန့်က ပခုက္ကူဘက်မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးလိုက်ပါစီးနင်းလာသည့် အံစာတုံးကားတစ်စီးကို ချောင်းဦး PDF ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား၏ဘေးဘက်တစ်ခြမ်း ထိခိုက်ပျက်စီး ခဲ့ပြီး ထိခိုက်သေဆုံးသူအရေအတွက် မသိရသေးကြောင်း ချောင်းဦး PDFက ပြောသည်။

ထို့အပြင် ဧပြီ ၇ ရက်နံနက် ၂နာရီခွဲခန့်က မန္တလေးဘက်မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များ လိုက်လာ ပါသည့် Express ကားနှစ်စီး၊ ကားအသေး လေးစီးကို ချောင်းဦး PDFနှင့် မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးထိခဲ့ကာ ထိခိုက်သေဆုံးသူများပြားကြောင်း ကြားသိရပြီး အရေ အတွက်အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နံနက် ၇ နာရီခွဲတွင် စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းရန်အတွက် မိုင်းရှင်းလင်းရေး ဆောင်ရွက်ရန် မုံရွာမြို့မှထွက်ခွာလာသော စစ်ကောင်စီတပ်ကို ချောင်းဦး PDF နှင့် Immortal Guerilla Force အဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ မသိရသေးကြောင်း၊ အဆိုပါ​ဖြစ်စဥ်များတွင် ပြည်သူ့ရဲဘော်များ အန္တရာယ် ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦး PDFက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ချောင်းဦး PDFထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

ချောင်းဦးမြို့နယ်အတွင်း မုံရွာ – အမြင့် – တောကျောင်းကြီး လမ်းပိုင်း၊ ချောင်းဦး – ‌အမြင့် လမ်းပိုင်း၊ ခင်မွန် – ကျီကုန်း – ချောင်းဆုံလမ်းပိုင်းများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှ နောက်ထပ်ကြေညာချက်တစုံတရာ မထုတ်ပြန်မီအထိ ခေတ္တပိတ်ထားလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(CHUPDF)က ယမန်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် အထက်ပါလမ်းပိုင်းကို ခေတ္တပိတ်ထားစဉ်အတွင်း အရေးပေါ်ကိစ္စမှလွဲ၍ လုံးဝအသုံးမပြုကြပါရန်နှင့် အရေးပေါ်ကိစ္စကြောင့် မဖြစ်မနေ သွားလာရပါက သက်ဆိုင်ရာကျေးရွာတော်လှန်ရေးအင်အားစုများ ထံ ချိတ်ဆက်သတင်းပေးပို့ပြီးမှ သွားလာကြပါရန် ချောင်းဦး PDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook