Connect with us

Hi, what are you looking for?

All posts tagged "စစ်ကောင်စီ"

သတင်း

အာဏာသိမ်းစစ်ကောင်စီက တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်(၁၃)နှစ်အရွယ် ကလေးငယ်သေဆုံးကာ ကလေးငယ်များ အပါအဝင် ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

ပြည်သူများကို အဓမ္မစစ်သားစုဆောင်းပြီးရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေသည့် စစ်ကောင်စီက ထွက်ပြေးသွားသူများအား ပြန်လည်ဖမ်းဆီးပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ အလင်းဝင်လာသည့် တပ်သားများက ပြောသည်။

အတွေးအမြင်

မြန်မာ့လေတပ်ရဲ့ ဝေဟင်ပစ်ဗုံးတွေတီထွင်ထုတ်လုပ်ရာမှာ နောက်ကွယ်ကနေ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ လက်မည်းကြီးကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က လေ့လာစုံစမ်းဖော်ထုတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင်၁၉ရက်) ထုတ်ပြန်သည်။

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

သတင်း

တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ အလင်းဝင်ကြရန် KNU နှိုးဆော်

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

Trending

Facebook