Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်အရှေ့ခြမ်းရှိ KNLA ဂိတ်စခန်းကို စစ်ကောင်စီတပ် ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကားသမားနှင့် ခရီးသွားပြည်သူ ၂ဦးသေ၊ ၅ဦး ဒဏ်ရာရ

စစ်ကောင်စီလက်နက်ကြီးကြောင့် ဒဏ်ရာရသူတစ်ဦးအား ဆေးကုသပေးနေစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ထားဝယ်မြို့အရှေ့ဘက်ခြမ်းဒေသ၌ ဇူလိုင် ၂၁ရက်က စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကြောင့် ခရီးသွားပြည်သူ ၂ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဇူလိုင် ၂၁ရက်တွင် မေတ္တာမြို့နှင့်တောင်သုံးလုံးအကြား ဟိန္ဒူးချောင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဂိတ်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီ ဟိန္ဒူးချောင်းမှာ ကျနော်တို့ KNLAရဲ့ လုံခြုံရေးဂိတ်တစ်ခုရှိတယ်။ စကစက လာပစ်တာကြောင့် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာ ရန်သူက လက်နက်ကြီးကို ရမ်းသမ်းပစ်တယ်။ အဲဒီ ဟိန္ဒူးချောင်းမှာ။ အဲဒီ အချိန်မှာ ခရီးသည်တွေရှိတယ်။ လိုင်းကား မဟုတ်ဘူး။ နယ်စပ်က ခရီးသည်တွေ။ သူတို့က ထိတယ်။ ၅ယောက် ဒဏ်ရာရတယ်။ ကားသမား ကိုရန်နိုင်က ဆုံးတယ်။ ပြီးတော့ ခရီးသည် အမျိုးသမီး တယောက်လည်းဆုံးတယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီက ဟိန္ဒူးချောင်းတွင် ပြည်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်းလည်း ပြောသည်။

“ဖမ်းထားတဲ့ ရွာသားတွေ ညနေမှ သူတို့ ပြန်လွှတ်တယ်။ ပြန်လွှတ်တဲ့အချိန်မှာသူတို့ရဲ့ ပိုက်ဆံတွေ ပစ္စည်းတွေအကုန်လုံး ယူသွားတာ”ဟု ပဒိုစောအယ်နားက ပြောသည်။

လုံခြုံရေးဂိတ် လာတိုက်သည့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်းလည်း ၎င်းကပြောသည်။

‎KNU မြိတ်-ထားဝယ်ခရိုင်ကလည်း တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်ကြောင့် ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ဟု သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူများအနက် ယာဉ်မောင်းသူအမျိုးသား ဦးရန်နိုင်သည် မယ်သမီခီး(ထီးခီး)ဒေသခံတစ်ဦးဖြစ်သည်ဟု ဆိုသည်။

KNU တပ်မဟာ(၄)သည် ထီးခီးရှိ စစ်ကောင်စီစခန်းကို ယခုနှစ် မေလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းကို စိုးမိုးထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုလပိုင်းများအတွင်း KNU တပ်မဟာ(၄)နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် တပ်စခန်းများ ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်သားများ ထိုင်းဘက်သို့ ထွက်ပြေားခဲ့သည့် ဖြစ်စဉ်များ ဆက်တိုက်ရှိခဲ့သည်။

ထီးခီးအပါအဝင် မြန်မာ-ထိုင်းနယ်စပ်တလျှောက် KNU တပ်မဟာ(၄) ဧရိယာအတွင်းရှိ တပ်စခန်းများ တခုပြီးတခုကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။