Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို ကန်အောက်လွှတ်တော်ကော်မတီ တစ်ရက်တည်းအတည်ပြု

စစ်ကောင်စီရဲ့ ပင်မငွေကြေးအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျစေဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကော်မတီက မနေ့က(ဇူလိုင် ၂၂ရက်)တစ်ရက်တည်း အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

BRAVE Burma Act ကို အောက်လွှတ်တော်ကော်မတီက အတည်ပြုလိုက်ကြောင်း အောက်လွှတ်တော်အမတ် ဘီလ်ဟူဇန်ဂါ အသိပေးထားတဲ့ဓာတ်ပုံ

ဇူလိုင်-၂၃၊ ၂၀၂၅။ People’s Spring

စစ်ကောင်စီရဲ့ ပင်မငွေကြေးအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျစေဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကော်မတီက မနေ့က(ဇူလိုင် ၂၂ရက်)တစ်ရက်တည်း အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့ဖို့ရည်ရွယ်တဲ့ BRAVE Burma Act၊ လူသားချင်းစာနာမှုအကူအညီပေးအပ်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒုက္ခသည်စခန်းတွေအကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ Burma GAP Act နဲ့ ကမ္ဘာ့ဘဏ်(World Bank)အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေဆီကနေ စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရေးအတွက် ရည်ရွယ်တဲ့ No New Burma Funds Act စတဲ့ ဥပဒေမူကြမ်းသုံးခုကို အောက်လွှတ်တော်ကော်မတီက တစ်ရက်တည်းအတည်ပြုလိုက်တာလို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက အသိပေးပါတယ်။

မဲခွဲအတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်သုံးခုကို အောက်လွှတ်တော်ကို တင်သွင်းဖို့ ပြင်ဆင်နေပြီး ဆက်လက်ပြီးလည်း အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိဖို့ တင်သွင်းရမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလုပ်ငန်းစဉ်တွေဟာ အမေရိကန်က မြန်မာပြည်သူတွေကို မေ့လျော့နေခြင်းမရှိကြောင်း ပြသသလို မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတမှု၊ လူသားချင်းစာနာမှုနဲ့ စစ်အုပ်ချုပ်ရေးကနေ လွတ်မြောက်ရေးအတွက် အရေးကြီးတဲ့ ထောက်ခံမှုအသစ်များဖြစ်တယ်လို့ ဦးဂျိမ်းရွှေက သုံးသပ်ပါတယ်။

အောက်လွှတ်တော်ကော်မတီမှာ ရီပက်ဗလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီနှစ်ရပ်ပေါင်းက BRAVE Burma Act ကို ကန့်ကွက်သူမရှိဘဲ ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုနိုင်ခဲ့ပြီး သတင်းကောင်းဖြစ်တယ်လို့ မီချီဂန်အောက်လွှတ်တော်အမတ် ဘီလ်ဟူဇန်ဂါက ပြောပါတယ်။

“ဒီဥပဒေပြုမှုတွေက မြန်မာပြည်မှာ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရင်းမြစ်ကို ဖြတ်တောက်ဖို့နဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့စွမ်းဆောင်ရည် လျော့ပါးစေဖို့ လုပ်ဆောင်မှုဖြစ်ပါတယ်”ဟု ဘီဘ်ဟူဇန်ဂါက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ပြီးခဲ့တဲ့ သမ္မတဘိုင်ဒန်လက်ထက်မှာ စစ်ခေါင်းဆောင်နဲ့ သူ့အဖွဲ့ဝင်တွေကို လူပုဂ္ဂိုလ်တစ်ဦးအပေါ်မှာရော၊ အဖွဲ့အစည်းလိုက်အပေါ်မှာရော၊ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့၊ အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အရေးယူပိတ်ဆို့မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ သမ္မတထရန့်လက်ထက်မှာလည်း မြန်မာစစ်ကောင်စီကို အမေရိကန်အစိုးရဲ့ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိဆဲပါ။

ဒါပေမဲ့ မကြာသေးမီက ကုန်သွယ်ရေးအခွန်တိုးမြှင့်ကောက်ခံရေးနဲ့ပတ်သက်လို့ သမ္မတထရန့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လိပ်မူပြီး အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

အဲဒီပေးပို့မှုအပေါ် စစ်ခေါင်းဆောင်က အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြုလုပ်နိုင်ဖို့ ဆန္ဒရှိကြောင်း အကြောင်းပြန်စာ ပေးပို့ခဲ့သလို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဝါရှင်တန်ကို စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

တရားမဝင် နေထိုင်နေတဲ့၊ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ခပ်မြန်မြန် နယ်နှင်နိုင်မယ့် ဥပဒေ မူကြမ်းကို ထိုင်းအစိုးရ အဖွဲ့က သဘောတူ လက်ခံပေးခဲ့ပါတယ်။