Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ဖမ်းဆီးခံရစဥ် လက်နက်လုသဖြင့် ရှင်းလင်းခဲ့ဟု ဗိဿနိုးPDF ထုတ်ပြန်

မကွေးတိုင်း၊ တောင်တွင်းကြီး-မြို့သစ်လမ်းပိုင်းတွင် အမှတ်(၂၉)ခြေလျင်တပ်ရင်း(ခလရ-၂၉)မှ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ဝင်လုသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ဆက်ဆံရေးဌာနတာ၀န်ခံစောနန္ဒက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီဗိုလ်ကြီးနိုင်သူရကို ဖမ်းဆီးရမိပြီး​နောက် ၎င်းထံမှ သိမ်းဆည်းရရှိခဲ့​သောကဒ်ပြား

ဇူလိုင်-၂၂၊ ၂၀၂၅။ ရဲခေါင်၊ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီး-မြို့သစ်လမ်းပိုင်းတွင် အမှတ်(၂၉)ခြေလျင်တပ်ရင်း(ခလရ-၂၉)မှ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ဝင်လုသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ဆက်ဆံရေးဌာနတာ၀န်ခံစောနန္ဒက လူထုနွေဦးသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းက ကြည်း ၆၁၄၈၀ ဗိုလ်ကြီးနိုင်သူရကို အိမ်စီးကားတစ်စီးပေါ်မှ ရှောင်တခင် စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ မြစ်ကြီးနားသို့ ပြောင်းရွှေ့ရမည့်သူဟု ဆိုသည်။

“သူ့ဆီက အထောက်အထားမျိုးမတွေ့ရင် စစ်ဗိုလ်မှန်းသိမှာမဟုတ်ဘူး။ သူ့အမျိုးတွေက ကျနော်တို့ ဇာတိမြေ တောင်တွင်းကြီးမှာ ရှိတယ်လို့လည်းသိထားရတယ်။ ကျနော်တို့ နယ်မြေကနေ ဖြတ်တဲ့အချိန် ကျနော်တို့နဲ့တိုးတာ”ဟု ကိုစောနန္ဒက ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီဗိုလ်ကြီးဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိစဥ် ထိပ်တုံးခတ်ထားသော်လည်း အပေါ့သွားချင်သည်ဟုဆို၍ ထိပ်တုံးဖြုတ် လိုက်ပို့သည့် ရဲဘော်ကို တံတွေးဖြင့်ထွေးခြင်း၊ နပမ်းဝင်လုံးကာ လက်နက်လုယူခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်မှာ ပြည်သူတို့ ကြားသိနေရသည့်အတိုင်း ရန်သူကျဆုံးမှုများရှိသကဲ့သို့ တော်လှန်ရေးရဲဘော် ကျဆုံးမှုများလည်းရှိကာ ထိုဆုံးရှုံးမှုများသည် လူသားများဖြစ်၍ မြန်မာနိုင်ငံ လူသားအရင်းအမြစ် ဆုံးရှုံးမှုများနေသည့်အချိန်တွင် အသက်ရှင်သင့်သည့် လူသားတစ်ယောက်အား ရှင်သန်အောင် ထားချင်သော်လည်း ပြန်လည် ရန်ပြု ခုခံသဖြင့် မဖြစ်မနေ ရှင်းလင်းခဲ့ရကြောင်း အသိပေးသည်။

“ကျနော်တို့အနေနဲ့က အရှင်ဖမ်းမိကို မရှင်းချင်ဘူး။ လက်ထိပ်တန်းလန်းနဲ့ သတ်ချင်သတ်ပစ်ဆိုပြီး ရဲဘော်ကို တံတွေးနဲ့ထွေးတယ် နပမ်း၀င်လုံးပြီး လက်နက်လုဖို့ ကြိုးစားခဲ့တာနဲ့ မဖြစ်မနေ ရဲဘော်က ရှင်းလိုက်ရတာ”ဟု ကိုစောနန္ဒက ပြောသည်။

နောက်နောင်တွင် စစ်ကောင်စီ အရာရှိ၊ အရာခံများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံတွင် ဖမ်းဆီးခံရပါက မည်သည့်အကြောင်းပြချက်နှင့်မှ ပြန်လည်ခုခံခြင်းမပြုရန်လည်း သတိပေးသည်။

ဖမ်းစီးခံ သုံ့ပန်းများအား လက်ထဲတွင် ရှိနေသော ကာလပတ်အတွင်း အသက်အန္တရာယ် လုံးဝ မထိခိုက်စေရန် တာဝန်ယူပေးမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ထုတ်ပြန်ထားသော စစ်သုံ့ပန်းဥပဒေအား အပြည့်အဝလိုက်နာပြီး တာဝန်ယူ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ခလရ-၂၉ သည် မြစ်ကြီးနားအခြေစိုက်တပ်ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီအထိ ကရင်၊ နေပြည်တော်နှင့် ပဲခူးတိုင်းတိုက်ပွဲများတွင် ဒုတပ်ရင်းမှူး သိန်းသန်းအပါအဝင် ၇၇ ဦးသေဆုံး ကြောင်း နေပြည်တော် PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။