Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အနီး KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဒီနေ့ (ဇူလိုင် ၂၂)ရက်နေ့ မနက်အစောပိုင်းကစပြီးကရင်အမျိုးသားအစည်းအရုံး(KNU ) လက်အောက်ခံ KNLA တပ်မဟာ (၆ ) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ကော့ကရိတ်ဒေသခံသတင်းရင်းမြစ် တွေက ပြောပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကို တွေ့ရပုံ ( ပုံဟောင်း)

ဇူလိုင် – ၂၂ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဒီနေ့ (ဇူလိုင် ၂၂)ရက်နေ့ မနက်အစောပိုင်းကစပြီးကရင်အမျိုးသားအစည်းအရုံး(KNU ) လက်အောက်ခံ KNLA တပ်မဟာ (၆ ) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ကော့ကရိတ်ဒေသခံသတင်းရင်းမြစ် တွေက ပြောပါတယ်။

ကော့ကရိတ်မြို့အနီးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေ၊ အထိုင်ချရာနေရာတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA) တပ်မဟာ ၆ နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။

ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းနားက ရန်ကုတ်ရွာဘက်နဲ့ အာရှလမ်းဘက်မှာ စစ်ကောင်စီတပ် အောင်ဇေယျစစ်ကြောင်းလက်အောက်ခံတပ်တွေရဲ့ ကာကင်းစခန်းတွေ၊ ဂိတ်စခန်းတွေ တည်ရှိနေတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းကနေ ၁၀ နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်နေတုန်းပဲလို့ ကော့ကရိတ်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီမနက်ပဲဆော်တာ ကော့ကရိတ်တမြို့လုံးပတ်ပတ်လည်ပဲ၊ အပြင်ကနေဝင်တိုက်တာပေါ့၊ သူတို့(စစ်တပ်)ကာကင်းတွေရှိတာကိုး၊ မြို့ပြင်ဘက်မှာဆိုတော့ ကာကင်းတွေကို အကုန်လုံးဝင်တိုက်တာပေါ့” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

ကော့ကရိတ်မြို့အနီးတဝိုက်နဲ့ ကော့ကရိတ်-ကျုံဒိုး ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန် ရေးပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ ဧပြီလပိုင်းကစပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာကာကင်းစခန်းနဲ့ ဂိတ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားခဲ့ပါတယ်။

ကော့ကရိတ်မြို့ခံ ပြည်သူတွေဟာ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းကတိုက်ပွဲတွေကြောင့် သုံးလကျော်ကြာလာတဲ့အထိ ပိတ်မိနေကြပြီး မြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေ၊ ဆန်တွေနဲ့ စက်သုံးဆီ စတာတွေကို စျေးအဆမတန် ဝယ်ယူနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ဖို့ ကျုံဲဒိုးဘက်ကနေ ကော့ကရိတ်ဘက်ဆီ စစ်ကြောင်းထိုးတာ ကို ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေပြီး အဲဒီလမ်းပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။