သတင်း နတ်သံကွင်းရဲစခန်း ၏အပါအဝင် တပ်မဟာ(၃)နယ်မြေရှိ နေရာငါးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီတပ် ၄၀သေဟု ထုတ်ပြန် တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်သားစုစုပေါင်း ၄၀ဦး သေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် လေးဦး အသက်ပေးလှူခဲ့ရကာ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇွန် 8, 2023
သတင်း KNU တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီတပ်တွေအလစ်အငိုက်တိုက်ခိုက်ခံရ ဖာပွန်ဒေသမှာ အခြေချတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေက ဇွန်လ ၁ရက်ကစတင်ပြီး ၃ ရက်ကြာ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ LuduNwayOoဇွန် 8, 2023
သတင်း ကောလင်းတိုက်ပွဲစစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၁၃ဦး ဒဏ်ရာရဟု ခန့်မှန်း၊ စစ်တပ်အသုံးအဆောင်အချို့ PDF ရရှိ မေလ ၂၇ရက်တွင် ကောလင်းမြို့မှ စထွက်လာသော စစ်ကောင်စီတပ် အင်အား ၇၀ ခန့် သည် ကောလင်းခရိုင် တပ်ရင်း ၁ နယ်မြေအတွင်းရှိကျောက်ပုထိုးသို့ ရွာစဉ်လှည့်ဝင် စစ်ကြောင်းထိုးလာ၍ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟုဆိုသည်။ LuduNwayOoဇွန် 8, 2023
သတင်း ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ မိသားစုတစ်ခု ထိမှန်ပြီး ကလေးငယ် တစ်ဦးသေ၊ ၂ဦး ဒဏ်ရာရ စစ်ကောင်စီတပ်သည် KNUတပ်မဟာ(၆)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှု လေကြောင်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ LuduNwayOoဇွန် 7, 2023
သတင်း ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များအနီး သွားလာခြင်းမပြုရန် ကြာအင်းဆိပ်ကြီး(ပအဖ) မေတ္တာရပ်ခံ စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားလျင် ပြည်သူများအား ယုတ်မာစွာပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုတွေ့ကြုံနေရပြီး တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသယောင်သတင်းအမှားများထုတ်လွှင့်လျက်ရှိနေသည်ဟု ဖော်ပြသည်။ LuduNwayOoဇွန် 7, 2023
သတင်း လောက်ကိုင်မှ စစ်ကောင်စီယာဉ်အစီး ၂၀ခန့် တိုက်ပွဲဖြစ်နေသည့် တာရွှေထန်သို့ ဦးတည်ထွက်ခွာ ကိုးကန့်တပ်(MNDAA)ပါဝင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁ရက်တွင် မိုင်းလား၌ တွေ့ဆုံဆွေးနွေးပြီးနောက် ဇွန်လ ၂ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ် ပွားနေခြင်းဖြစ်သည်။ LuduNwayOoဇွန် 7, 2023
သတင်း မလှိုင်နယ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက် တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်က ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်းပြုလုပ်နေပြီး ရပ်ရွာအုပ်ချုပ်သူများကလည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်ထားသူ ပျူစောထီးများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ LuduNwayOoဇွန် 7, 2023
သတင်း တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားလေးဦး ထပ်မံသေဆုံး စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၆ရက်)ကလည်း ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာ အုပ်စု၊ ဆံဖလားကျေးရွာအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ LuduNwayOoဇွန် 7, 2023
သတင်း ကမ္မမြို့အနီးရှိ သာကြီးတောင်ရေနံမြေမှ အရာရှိများအပါအဝင် စစ်ကောင်စီဝန်ထမ်း ၆ ဦး ဖမ်းဆီးခံရ သာကြီးတောင်ရေနံမြေသည် ပခုက္ကူခရိုင်အတွင်း ရေနံမြေများအနက် စစ်ကောင်စီထိန်းချုပ်ထားသည့်တစ်ခုတည်းသောရေနံမြေဖြစ်သည်။ထိုကြောင့် ရေနံစိမ်းများသယ်ယူပါလျှင် စစ်ကောင်စီတပ်က လုံခြုံအပြည့်အဝဖြင့် သယ်ယူလေ့ရှိသည်။ LuduNwayOoဇွန် 7, 2023
သတင်း စစ်ကိုင်းတွင် စစ်ကောင်စီတပ်နှင့် PDFများ တိုက်ပွဲဖြစ်ပြီး ရဲဘော် နှစ်ဦးကျဆုံး စစ်ကိုင်းခရိုင်တပ်ရင်း(၃)သည် စစ်ကောင်စီတပ်အား ဆက်လက်ခုခံတော်လှန်တိုက်ခိုက်နေမည်ဖြစ်ပြီး ခဲယမ်းလိုအပ်မှုရှိ၍ ပါဝင်ထောက်ပံ့နိုင်ကြောင်းလည်း အသိပေးထားသည်။ LuduNwayOoဇွန် 7, 2023