Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမရှိ စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ရုတ်တရက် ပိတ်သိမ်း

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့အဝင် အဓိကလမ်းမကြီးဖြစ်သော ရန်ကုန် – ပုသိမ် အဝေးပြေးလမ်းမတစ်လျောက်တွင် ညောင်တုန်းမြို့ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်မှလွဲ၍ ကျန်ဂိတ်များကို စစ်ကောင်စီက ဇွန်လ ၆ရက်ကစ၍ ပိတ်သိမ်းသွားခြင်း ဖြစ်သည်။

(ဧရာဝတီတိုင်းအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ယာဥ်များအား စစ်ကောင်စီက စစ်ဆေးနေသည်ကို မေလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - လူထုနွေဦး)
(ဧရာဝတီတိုင်းအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ယာဥ်များအား စစ်ကောင်စီက စစ်ဆေးနေသည်ကို မေလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - လူထုနွေဦး)

▪️လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းရှိ တော်လှန်ရေးအင်အားစုများ ‌ပြော

ဧရာဝတီတိုင်းအတွင်း ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမရှိ စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက ရုတ်တရက်ပိတ်သိမ်းလိုက်ပြီး ယင်းလုပ်ရပ်မှာ စစ်ကောင်စီ၏ လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းရှိ တော်လှန်ရေးအင်အားစုများက ‌ပြောသည်။

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့အဝင် အဓိကလမ်းမကြီးဖြစ်သော ရန်ကုန် – ပုသိမ် အဝေးပြေးလမ်းမတစ်လျောက်တွင် ညောင်တုန်းမြို့ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်မှလွဲ၍ ကျန်ဂိတ်များကို စစ်ကောင်စီက ဇွန်လ ၆ရက်ကစ၍ ပိတ်သိမ်းသွားခြင်း ဖြစ်သည်။

“သုံးရက်ရှိပြီ။ဘာမှန်းမသိရဘဲ ပိတ်ချသွားတာ”ဟု ယင်းလမ်းအသုံးပြုနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော စစ်ကောင်စီဂိတ်များသည် လမ်းတားတုံးများ၊ သံဆူးကြိုးသစ်သားတိုင်များဖြင့် လမ်းကို ပိတ်ထားပြီး ခရီးသည်များကို ကားပေါ်မှဆင်းခိုင်းခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။ မြို့အဝင်ဂိတ်တိုင်းတွင် ရဲ၊ စစ်သား၊ ယာဉ်ထိန်းရဲအပါအဝင် အင်အား ၂၀ဦးခန့်က လက်နက်အပြည့်အစုံဖြင့် ခရီးသွားပြည်သူများအား စစ်ဆေးခြင်းဖြစ်သည်။ယခုအခါ အဆိုပါ ဂိတ်များ ရုတ်တရက်ပိတ်သွားခြင်းကို ဒေသခံပြည်သူများက အံ့ဩနေကြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လုပ်ရပ်သည် လှည့်ကွက်ဖြစ်နိုင်ပြီ တော်လှန်ရေးအင်အားစုများအနေဖြင့် သတိရှိကြရန် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

“အမျိုးမျိုးပြောနေကြတယ်။ ဂိတ်တွေကို ဖြုတ်ပြီး တပ်ရင်းတွေထဲမှာ အဆင်သင့်ရှိနေကြတယ်လို့ ကြားတယ်။ တော်တော်သတိထားဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်းကို ကုန်းလမ်းအနေဖြင့် ရန်ကုန်နှင့် ပြည်မြို့ဘက်မှ ဝင်ရောက်၍ရပြီး စစ်ကောင်စီက မြို့အဝင်၊အထွက် စစ်ဆေးရေးဂိတ်များအားလုံးကို ဖြုတ်သိမ်းခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။