Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမရှိ စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ရုတ်တရက် ပိတ်သိမ်း

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့အဝင် အဓိကလမ်းမကြီးဖြစ်သော ရန်ကုန် – ပုသိမ် အဝေးပြေးလမ်းမတစ်လျောက်တွင် ညောင်တုန်းမြို့ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်မှလွဲ၍ ကျန်ဂိတ်များကို စစ်ကောင်စီက ဇွန်လ ၆ရက်ကစ၍ ပိတ်သိမ်းသွားခြင်း ဖြစ်သည်။

(ဧရာဝတီတိုင်းအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ယာဥ်များအား စစ်ကောင်စီက စစ်ဆေးနေသည်ကို မေလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - လူထုနွေဦး)
(ဧရာဝတီတိုင်းအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ယာဥ်များအား စစ်ကောင်စီက စစ်ဆေးနေသည်ကို မေလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - လူထုနွေဦး)

▪️လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းရှိ တော်လှန်ရေးအင်အားစုများ ‌ပြော

ဧရာဝတီတိုင်းအတွင်း ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမရှိ စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက ရုတ်တရက်ပိတ်သိမ်းလိုက်ပြီး ယင်းလုပ်ရပ်မှာ စစ်ကောင်စီ၏ လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းရှိ တော်လှန်ရေးအင်အားစုများက ‌ပြောသည်။

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့အဝင် အဓိကလမ်းမကြီးဖြစ်သော ရန်ကုန် – ပုသိမ် အဝေးပြေးလမ်းမတစ်လျောက်တွင် ညောင်တုန်းမြို့ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်မှလွဲ၍ ကျန်ဂိတ်များကို စစ်ကောင်စီက ဇွန်လ ၆ရက်ကစ၍ ပိတ်သိမ်းသွားခြင်း ဖြစ်သည်။

“သုံးရက်ရှိပြီ။ဘာမှန်းမသိရဘဲ ပိတ်ချသွားတာ”ဟု ယင်းလမ်းအသုံးပြုနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော စစ်ကောင်စီဂိတ်များသည် လမ်းတားတုံးများ၊ သံဆူးကြိုးသစ်သားတိုင်များဖြင့် လမ်းကို ပိတ်ထားပြီး ခရီးသည်များကို ကားပေါ်မှဆင်းခိုင်းခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။ မြို့အဝင်ဂိတ်တိုင်းတွင် ရဲ၊ စစ်သား၊ ယာဉ်ထိန်းရဲအပါအဝင် အင်အား ၂၀ဦးခန့်က လက်နက်အပြည့်အစုံဖြင့် ခရီးသွားပြည်သူများအား စစ်ဆေးခြင်းဖြစ်သည်။ယခုအခါ အဆိုပါ ဂိတ်များ ရုတ်တရက်ပိတ်သွားခြင်းကို ဒေသခံပြည်သူများက အံ့ဩနေကြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လုပ်ရပ်သည် လှည့်ကွက်ဖြစ်နိုင်ပြီ တော်လှန်ရေးအင်အားစုများအနေဖြင့် သတိရှိကြရန် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

“အမျိုးမျိုးပြောနေကြတယ်။ ဂိတ်တွေကို ဖြုတ်ပြီး တပ်ရင်းတွေထဲမှာ အဆင်သင့်ရှိနေကြတယ်လို့ ကြားတယ်။ တော်တော်သတိထားဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်းကို ကုန်းလမ်းအနေဖြင့် ရန်ကုန်နှင့် ပြည်မြို့ဘက်မှ ဝင်ရောက်၍ရပြီး စစ်ကောင်စီက မြို့အဝင်၊အထွက် စစ်ဆေးရေးဂိတ်များအားလုံးကို ဖြုတ်သိမ်းခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။