Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီရိက္ခာတင်ယာဉ်တန်း၏ လုံခြုံရေးစစ်ကြောင်းကို မဟာမိတ်အဖွဲ့များ တိုက်ခိုက်

မျက်မြင်အရ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ၍ မြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်ဟု မြိုင်(ကကဖ)က ထုတ်ပြန်သည်။

(ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
(ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - EPA)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်း၏ လုံခြုံရေးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ် နှစ်ဦးထက်မနည်းသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၇ရက်) ညနေ ၃နာရီခန့်က အင်အား ၂၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ကို ကိုင်းတောမစခန်းနှင့် စက်မှု(၂)ကြား တနေရာတွင် ပြည်သူ့ကာကွယ်ရေးရဲ ဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ကောက်စီတပ်သည် ပခုက္ကူမှ စက်မှု (၂)သို့ ရိက္ခာပို့ရန်လာသော စစ်ကောင်စီ ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့ဖြစ်ကြောင်း မြိုင်(ပကဖ)က ထုတ်ပြန်သည်။

” ယာဉ်တန်းလုံခြုံရေးအဖွဲ့ကို မိုင်းလည်းဆွဲတယ်။ ရင်ဆိုင်တိုက်ပွဲလည်းဖော်တာ။ သူတို့ဘက်က သေတာရော ဒဏ်ရာရတာရော ရှ်ိတယ်”ဟု မြိင် (ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

မျက်မြင်အရ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ၍ မြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်ဟု မြိုင်(ကကဖ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုသည် PDFများ မိုင်းပဲခွဲပြီး ဘာလုပ်ချင်နေမှန်းမသိဟုဆိုသော စစ်ခများကို ဘာလုပ်ချင်နေမှန်းသိအောင် ပြသခြင်းဖြစ်ပြီး ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်နေသော စစ်ခွေးများကို သိစေအပ်သည်မှာ မိမိတို့သည် ဘယ်အဆင့်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိပြီးသားဖြစ်ကြောင်း နှင့် ပြည်သူလူထုထောက်ခံမှုမရှိသော မင်းတို့သည် ဘယ်စစ်ဗျူဟာမဆိုကျဆုံးသွားပြီဖြစ်ကြောင်း အသိပေးခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုနေ့ ည ၇နာရီခန့်တွင်လည်း မြိုင်မှ ပြန်ဆင်းလာသော စစ်ကောင်စီ ယာဥ်နှစ်စီးကို တွင်းမပျူစခန်းနှင့် ကမ္မစခန်းကြား တနေရာတွင် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြိုင် (ပကဖ)က ဆိုသည်။

ယမန်နေ့က တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ (၂- ဂဠုန်) ၊ တပ်ခွဲ (၄- စက်ြာ) ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ MUGDFတပ်ဖွဲ့၊ KMDF (ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့) ၊ မုန်တိုင်းတပ်ဖွဲ့ နှင့် Anonymous Special Task Force (ပေါက်) ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။