Connect with us

Hi, what are you looking for?

သတင်း

ခေတ္တပိတ်ထားရတဲ့ ကံတလူမြို့စစ်ဆေးရေးဂိတ် ပြန်ဖွင့်နေလို့ တော်လှန်ရေးရဲဘော်တွေ ထပ်မံတိုက်ခိုက်

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်က ကံတလူတိုးဂိတ်ကို တော်လှန်ရေးရဲဘော်များ ဝင်ရောက်တိုက်ခိုက်စဥ်။ ဓာတ်ပုံ-လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ဇေအောင်/People’s Spring

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က စစ်ကိုင်းမြို့နယ်၊ ကံတလူမြို့တိုးဂိတ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဂိတ်ကိုဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး စစ်ဆေးရေးဂိတ်ဟာ တစ်လကျော် ရပ်တန့်သွားခဲ့ကြောင်း၊ စစ်အုပ်စုက ကံတလူတိုးဂိတ်တာဝန်ရှိသူတွေနဲ့ပြန်ညှိပြီး ယခုအခါ ဂိတ်ပြန်ဖွင့်နေလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄နာရီခွဲခန့်က ၄၀ မမ ဗုံးသီးတွေ၊ ဒရုန်းတွေနဲ့ဗုံးသီးတွေချကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လွန်ခဲ့တဲ့ ၅ ရက် ဝန်းကျင်လောက်ကမှ ပြန်ပြီး ဂိတ်ဖွင့်တာ‌။ အခုလောလောဆယ်တော့ ဂိတ်က ဆက်ကြေး မကောက်ဘူး။ ဒုတိယအကြိမ် တိုက်ပြီးတဲ့နေ့မှာခွေးက အင်အား ၃၀၀ဝန်းကျင် သုံးပြီးကို နေရာယူထားတာ။ အခုလည်း ကင်းပုန်းတွေနဲ့ ခွေးတွေကင်းယူထားဝာာတွေ ရှိတယ်”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

​တိုက်ခိုက်တဲ့ ဗုံးသီးတွေဟာ စစ်အုပ်စုဝင်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာအနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဒရုန်းနဲ့ချတဲ့ ဗုံးသီးကတော့ စစ်အုပ်စု လက်အောက်ခံ ရွှေတောင်ရုံးဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

​အဲဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုထိခိုက်မှုရှိနိုင်တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

ကံတလူတိုးဂိတ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်သွားတဲ့ခရီးသွားတွေ အများဆုံးဖြတ်သန်းနေတဲ့ဂိတ်ဖြစ်ပြီး စစ်အုပ်စုက မကြာခဏ ဖမ်းဆီးငွေညှစ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။