သတင်း ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းထိုး၍ ကျေးရွာခုနစ်ရွာထက်မနည်း ထွက်ပြေးနေရ စစ်ကောင်စီတပ်သည် နေအိမ်များ၊ စစ်ဘေးရှောင်တဲများ မီးရှို့ရုံတင်မက ကျေးရွာများရှိ ဆန်ဆီနှင့် စားနပ်ရိက္ခာများပါ ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2023
သတင်း မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဟုဆို ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲကာ မျှားခေါ်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 15, 2023
သတင်း စစ်ကောင်စီက ရခိုင်ဘက်မှ ရေကြောင်းဖြင့် ချင်းပြည်နယ်သို့ စစ်အင်အားပို့နေဟု CNFပြော ရက္ခိုင့်တပ်တော်(AA) နှင့် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် စစ်တွေဘက်မှ ချင်းပြည် ပလက်၀နယ်သို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2023
သတင်း မြန်မာ့အရေးဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှု ရှိ မရှိ လုံခြုံရေးကောင်စီ ဆွေးနွေးမယ် လုံခြုံရေး ကောင်စီဟာ အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာပါ။ LuduNwayOoဖေဖော်ဝါရီ 15, 2023
သတင်း KNUနယ်မြေ၌ ဇန်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၄၆၀ကျော်သေဟု ထုတ်ပြန် KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း တော်လှန်ရေးရဲဘော် ၂၄ဦး ကျဆုံးခဲ့ပြီး ၇၆ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ရေစကြို အထက(၁)အနီးမီးပွိုင့်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအားဖောက်ခွဲတိုက်ခိုက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ရှမ်းမြောက်တွင် KIAနှင့်တိုက်ပွဲ စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုတိုက်ခိုက် "ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များတိုက်ခိုက် ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ကနီမြို့တွင် စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို PDF တိုက်ခိုက် ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း KNUတပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးပစ်၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023