သတင်း ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်၍ ၃ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ “မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း စစ်ကောင်စီတပ် ကသာမြို့နယ်အတွင်းရှိ ရွာလေးရွာမှအိမ်ခြေ ၅၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ဗိုလ်ချုပ်မွေးနေ့အဖြစ် ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား စီးနင်းတိုက်ခိုက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့၌ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်တွင်ရှိသည့် ငြိမ်းဇာနည်တပ်စခန်းကို ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MBT တပ်ဖွဲ့က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ရေစကြိုမြို့နယ် ဆင်မရဲရွာစာသင်ကျောင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ PDFရဲဘော် ခုနစ်ဦးကျဆုံး ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း စစ်ကိုင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၍ ကလေးငယ်တစ်ဦးမျက်လုံးထိမှန် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ချင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ယခုလ ၁၀ရက်အတွင်း စစ်ကောင်စီတပ် ၄၅ဦးထက်မနည်းသေ၊ လက်နက် ၅၀ကျော်ရဟု ထုတ်ပြန် ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ဆားလင်းကြီးတွင် PDF ၅ ဦးနှင့် ပြည်သူ ၂ ဦးစစ်ကောင်စီတပ်၏ဖမ်းဆီးသတ်ဖြတ်မှုခံရ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း မြိုင်မြို့တွင် မိုင်းကွဲသည့်ပျူခေါင်းဆောင် နေအိမ် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းထပ် ကွဲ၍ စစ်သားတစ်ဦးသေဆုံး ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 12, 2023
သတင်း စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့်အတူ CDF-ကန်ပက်လက်ထံအလင်းဝင် ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။ LuduNwayOoဖေဖော်ဝါရီ 12, 2023