သတင်း စစ်ကောင်စီတပ်ရင်း (၇)ရင်းဖြင့် ထိုးစစ်ဆင်လာ၍ မြဝတီ – ဝေါ်လေလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နေဟု ကော်ဘရာစစ်ကြောင်း အသိပေး အကြမ်းဖက်စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက် ညပိုင်းနှင့် စက်တင်ဘာ ၁၅ရက် နေ့လည်ပိုင်း၌ လက်နက်ကြီးများပစ်ခတ်ပြီး ထိုးစစ်ဆင်ရန် ကြိုးစားလာနေကြောင်း ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း တန့်ဆည်နယ် အုဖ္ဖိုလ်အိုင်ရွာမှ အရပ်သား ၁၀ဦးကို စစ်ကောင်စီတက် မီးရှို့သတ်ဖြတ် တန့်ဆည်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်၍ စစ်ကောင်စီက အင်အားသုံးဖိနှိပ်နေခြင်းဟု ဒေသခံများက သုံးသပ်သည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း စစ်ကောင်စီရဲ့ လက်နက် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး တောင်းဆို တရုတ်က မြန်မာ့ ပြည်တွင်းရေးမှာ ရန်လို တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းစေဖို့ အသံကောင်းဟစ် တောင်းဆိုရင်း စစ်ကောင်စီကို သွယ်ဝိုက် ထောက်ခံနေသလို ရုရှားကလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အားအထားဆုံး သံတမန်ရေးရာ မဟာမိတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်နေပါတယ်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း ဒီပဲယင်းနယ်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း ဖားကန့်တွင် ဒေသခံတစ်ဦး၏ နေအိမ်နှင့် ဆိုင်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဆိုင်ရှင်ကိုလည်း ဖမ်းဆီး "ကုန်စုံဆိုင်က လုံခင်းတနယ်လုံးကို ဖြန့်နေတဲ့ ဆိုင်။ ဒေသခံတွေကို စားနပ်ရိက္ခာအခက်တွေ့အောင်လုပ်လိုက်တာ"ဟု လုံးခင်းဒေသခံတစ်ဦးက ဆိုသည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း Voice of Mandalay ဖေ့ဘွတ်ခ်ရဲ့ Page Admin တစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထား အသက် ၂၂ နှစ်အရွယ် မယုဝေမြင့်ကို စက်တင်ဘာလ ၄ရက်က အောင်မြေသာစံမြို့နယ် ၊ မြောက်ပြင်ရပ်နေအိမ်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ ကန့်ဘလူမြို့နယ် မိဿလင်ကုန်းရွာနှင့်ချပ်ကုန်းရွာကို ယမန်နေ့( စက်တင်ဘာလ ၁၅ရက်)က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း မြောင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အဘွားအိုတစ်ဦးသေဆုံး အဆိုပါစစ်ကြောင်းသည် နနွင်းကိုင်းကျေးရွာကို ပစ်ခတ်မွှေနှောက်ပြီးနောက် ကျောက်ရစ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ဒေသခံတို့က ပြောသည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း လက်ပံတောင်းဒေသ၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၅ဦး လက်နက်များနှင့်အတူ CDM ပြုလုပ် တစ်ဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကို မတိုက်ခိုက်ရပါက အဓိပ္ပါယ်မရှိဟု ယူဆလျက်ရှိနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန့်ကျင်ဘက် အနေအထားဖြစ်သည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 16, 2022
သတင်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ကလေးငယ်များအပါအဝင်အနည်းဆုံးလေးဦးသေ ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက မိုးဗြဲ မြို့မွေတော်ဘုရားဝင်းအတွင်းစစ်ဘေးရှောင် ပြည်သူများနေရာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 16, 2022