Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် အုဖ္ဖိုလ်အိုင်ရွာမှ အရပ်သား ၁၀ဦးကို စစ်ကောင်စီတက် မီးရှို့သတ်ဖြတ်

တန့်ဆည်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်၍ စစ်ကောင်စီက အင်အားသုံးဖိနှိပ်နေခြင်းဟု ​ဒေသခံများက သုံးသပ်သည်။

တန့်ဆည်နယ်
တန့်ဆည်နယ်

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းနှင့် မြေပြင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကတန့်ဆည်မြို့နယ်၊ အုဖ္ဖိုလ်အိုင်ရွာမှ အရပ်သား ၁၀ဦးကို မီးရှို့သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲကို မနက်အစောကြီး ဝင်လာပြီး ရွာသားတွေကို ဖမ်းသွားတယ်။ ညနေသူတို့ ပြန်ထွက်သွားလို့ ဝင်ကြည့်တော့ အရပ်သားဆယ်ယောက်​တောင်သေနေတယ်ဗျာ။ မီးရှို့သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အုဖ္ဖိုလ်အိုင်ရွာသို့ ဝင်လာသော စစ်ကြောင်းသည်တပ်မ(၃၃)လက်အောက်ခံ စစ်ကောင်စီတပ်ဖြစ် ပြီး အရပ်သား ၁၀ဦးကို မီးရှို့သတ်ဖြတ်သွားကာ အချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာTazeNewsက ယနေ့ ညနေ သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တန့်ဆည်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်၍ စစ်ကောင်စီက အင်အားသုံးဖိနှိပ်နေခြင်းဟု ​ဒေသခံများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ကာ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန် ထမ်းများဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ လည်ပတ်လျှက်ရှိကြောင်းနှင့် စစ်ကောင်စီလက်အောက်ခံ ရုံးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဒေသခံ Non-CDM များအားလုံး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးအလင်းဝင်ကြရန်တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကစက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။