Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ဒေသခံတစ်ဦး​၏ နေအိမ်နှင့် ဆိုင်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဆိုင်ရှင်ကိုလည်း ဖမ်းဆီး

“ကုန်စုံဆိုင်က လုံခင်းတနယ်လုံးကို ဖြန့်နေတဲ့ ဆိုင်။ ဒေသခံတွေကို စားနပ်ရိက္ခာအခက်တွေ့အောင်လုပ်လိုက်တာ”ဟု လုံးခင်းဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဖျက်ဆီးသွားသည့် ကုန်စုံဆိုင်နှင့်အိမ်၊ဓာတ်ပုံ - Cj
စစ်ကောင်စီဖျက်ဆီးသွားသည့် ကုန်စုံဆိုင်နှင့်အိမ်၊ဓာတ်ပုံ - Cj

ဖားကန့်မြို့တွင် ဒေသခံတစ်ဦး၏ နေအိမ်အား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)နှင့် PDFယူနီဖောင်းများဝတ်ထားသလို ရေမဆေးကျောက်ရှာဖွေသူများပုံစံဖြင့်လည်း စောင့်ကြည့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံကျေးရွာမှ ကုန်စုံဆိုင်ဖွင့်ထားသည့် နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာ ၁၄ရက်တွင် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီဖျက်ဆီးသွားသည့် ကုန်စုံဆိုင်နှင့်အိမ်၊ဓာတ်ပုံ - Cj
စစ်ကောင်စီဖျက်ဆီးသွားသည့် ကုန်စုံဆိုင်နှင့်အိမ်၊ဓာတ်ပုံ – Cj

အဆိုပါဖြစ်ရပ်တွင် နေအိမ်အတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ယူနီဖောင်းဝတ်ထားပြီး လမ်းပေါ်တွင်ကျန်ခဲ့သူများက KIAနှင့် PDFယူနီဖောင်းများဝတ်ထားသည်ဟု မျက်မြင်တွေ့သည့်ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

“အိမ်ထဲကို ဝင်တဲ့သူတွေပဲ စစ်ယူနီဖောင်းဝတ် တာ။ အပြင်မှ ကျန်ခဲ့တဲ့ကောင်တွေက KIA လိုလို၊PDFလိုလို၊ ရေမဆေးတွေလိုလို ဟန်ဆောင်ပြီစောင့်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကုန်စုံဆိုင်နှင့်နေအိမ်ကို စစ်ကောင်စီတပ်က အပြင်မှနေ၍ သေနတ်ဖြင့်ပစ်သလို ဆိုင်ပိုင်ရှင်ကိုလည်း စစ်ကောင်စီဆန့်ကျင်ရေးတွင် ပါဝင်သည်ဟုစွပ်စွဲကာ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ကုန်စုံဆိုင်နှင့် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်ဟု ဒေသခံများက ပြောသည်။

“ကုန်စုံဆိုင်က လုံခင်းတနယ်လုံးကို ဖြန့်နေတဲ့ ဆိုင်။ ဒေသခံတွေကို စားနပ်ရိက္ခာအခက်တွေ့အောင်လုပ်လိုက်တာ”ဟု လုံးခင်းဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် မကြာသေးမီကလည်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ မိဘများပိုင်ဆိုင်သည့် နေအိမ်ကို ဘူဒိုဇာဖြင့်ထိုးကာ ဖျက်ဆီးသွားခဲ့သေးသည်။

ဖားကန့်တွင် လူထုထောက်ခံမှုရထားသည့် KIAနှင့် PDF ဟန်ဆောင်ကာ လုယက်မှုများလည်း ရှိနေသလို စစ်ကောင်စီကလည်း ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၁၅ရက်)ကလည်း ဖားကန့်မြို့၊ လုံးခင်းကျေးရွာမှ ရွှေ အမျိုးသား ၆ဦးက PDF အယောင်ဆောင်၍ ရွှေဆိုင်တစ်ဆိုင်ကို အနုကြမ်းစီးမှု ဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။