Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရင်း (၇)ရင်းဖြင့် ထိုးစစ်ဆင်လာ၍ မြဝတီ – ဝေါ်လေလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နေဟု ကော်ဘရာစစ်ကြောင်း အသိပေး

အကြမ်းဖက်စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက် ညပိုင်းနှင့် စက်တင်ဘာ ၁၅ရက် နေ့လည်ပိုင်း၌ လက်နက်ကြီးများပစ်ခတ်ပြီး ထိုးစစ်ဆင်ရန် ကြိုးစားလာနေကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်သည်တော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်သည်တော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းအနီး ဒေသများသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ယမန်နေ့ (စက်တင်ဘာ ၁၅ရက်)ကစ၍ ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားနေကြောင်း ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၃)၏ ကွပ်ကဲမှုဖြင့် ခမရ (၃)၊ ခမရ (၉)၊ ခမရ (၁၀၄)တပ်ရင်း သုံးရင်းဖြင့် မြဝတီ – ဝေါ်လေ လမ်းမကြီးဆုံဆည်းမြိုင်ကျေးရွာဘက် မှ သေ့ဘော့ဘိုးရွာအနီးသို့ ကျုးကျော်ရန် ကြိုးစား နေ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကော်ဘရာစစ်သည်တော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်သည်တော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း

ယင်းတိုက်ပွဲအတွင်း ကော်ဘရာစစ်သည်များ ထိခိုက်ကျဆုံးမရှိဘဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သေ့ဘော့ဘိုးဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံနည်းဗျူဟာ (၁) ၏ ကွပ်ကဲမှုဖြင့် ခမရ (၁) ၊ ခမရ (၂) ခမရ (၈) ၊ ခမရ (၁၀၂) စသည့် တပ်ရင်း (၄)ရင်းသည်လည်း မြဝတီ – ဝေါ်လေကားလမ်းမပေါ်ရှိ မြွေသုံးကောင် ဘုရားအနီးတွင် ကျူးကျော်အခြေပြုကာ ထိုးစစ်ဆင်လာရာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်သည်တော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်သည်တော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း

အကြမ်းဖက်စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက် ညပိုင်းနှင့် စက်တင်ဘာ ၁၅ရက် နေ့လည်ပိုင်း၌ လက်နက်ကြီးများပစ်ခတ်ပြီး ထိုးစစ်ဆင်ရန် ကြိုးစားလာနေကြောင်း ဖော်ပြထားသည်။

လုံခြုံရေး တာဝန်ယူထားသော ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ ဘက်မှ တော်လှန်ရေး စစ်သည်တော်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း အသိပေးထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံး၊ ထိခိုက်မှုအား အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။