သတင်း ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ စစ်အင်အားများချကာ ပစ်ခတ်၍ ပြည်သူအချို့ အသက်ဆုံးရှုံးရ ကုန်းစည်းရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာသို့ ဝက်စာကျွေးပြန်လာသည့် ပြည်သူအချို့နှင့် ရွာထဲ ပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးထားသည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ဗန်းမောက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိ ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီ ဖမ်းဆီး မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းကို ထောင် ၅နှစ်ထိချလို့ရတဲ့ လဝက ပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့် ဗီဇာထုတ်ပေးချိန်က နေထိုင်ရမယ့် လိပ်စာဟာ ရန်ကုန် ၊စမ်းချောင်းက ပန်းလှိုင်အိမ်ရာမှာဖြစ်ပေမယ့် အဲဒီလိပ်စာမှာ နေထိုင်တာမရှိဘဲ ကလောမှာ သွားရောက်နေထိုင်ခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများ သောက်သုံးရေအဓိကအားထားရသည့် ရေစုပ်စက်ကို PDF ဖျက်ဆီး စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း BPDF က ပြောသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း မုံရွာ – အရာတော်လမ်းတွင် စစ်ကောင်စီတပ်များလိုက်ပါလာသော ကားနှစ်စီးမိုင်းဆွဲခံရပြီး တစ်စီးပျက်စီး ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟုဒေသခံများပြော ယနေ့နံနက် ၁၀ နာရီခွဲတွင် ရေးမြို့အဝင်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သောတံတားကြီးစစ်ဆေးရေးဂိတ်အားရေးဘီလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ပြည်သူကိုတိုက်ပြေးသွားသည့်ကားကို PDF လိုက်လံဖမ်းဆီး သြဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က မုံရွာ - အရာတော်လမ်းပေါ်တွင် အရာတော်မှ မုံရွာမြို့သို့ မောင်းနင်လာသော YGN 3F 3240 ကားသည် ယာဥ်မဆင်မခြင် မောင်းနှင်ကာ ကမ်းပြူရွာမှ အသက် (၄၀)ဝန်းကျင် မိန်းမသားတစ်ဦးအား ဝင် တိုက်သွားခဲ့သည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း စစ်ကောင်စီတပ်ကို ပြန်တိုက်ချင်၍ CDM ဝင်ခဲ့ခြင်းဖြစ်ဟု တပ်မ(၆၆) မှ တပ်သားပြော ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်တပ်မ(၆၆) လက်အောက်ခံ ခမရ(၆)မှ တပ်သားစောဂျွန် ၏ ပြောကြားချက်ကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ကလေးမြို့ သံဖိုရွာကို ချီတက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တစ်ဦးသေ “အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဩဂုတ် 25, 2022