သတင်း စစ်ကောင်စီ၏ ခြေလျင်တပ်များ အင်အား ယုတ်လျော့လာခြင်းကြောင့် ပျူများကို အသုံးပြု အသေခံခိုင်းနေ CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း ဝမ်းတွင်းတွင် ဇနီးဖြစ်သူအား ရိုက်နှက်သည်ဟုတိုင်ကြားခံရ၍ စစ်ကောင်စီတပ် ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ တစ်ရက်အကြာတွင် သေဆုံး ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း ရေဦး – ခင်ဦးလမ်းတွင် စစ်ကောင်စီတပ် မိုင်းထိပြီး ရမ်းသမ်းပစ်ခတ်နေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး - ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း AAက မောင်တောပြည်သူများကို အသိပေးချက်ထုတ်ပြန်ပြီးနောက် ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲက လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ် ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက် KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း ကျိုက်ထိုမြို့နယ် လက်ပင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၃ဦးသေဟု KNU ထုတ်ပြန် သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း ကနီတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရပြီး CDM ဝင်လာသော စစ်သားများလည်းရှိနေ တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 24, 2022
သတင်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ မရမ်းကုန်းကအိမ်ကို စစ်ကောင်စီချိတ်ပိတ် ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ စစ်ကောင်စီက တရားစွဲထားပြီး ဝရမ်းထုတ်ထားပါတယ်။ LuduNwayOoဩဂုတ် 24, 2022
သတင်း တိုက်ပွဲ နှစ်ဆယ်ကျော်မှာ စစ်တပ်ဘက်က အယောက် ၆၀ လောက်သေတယ်လို့ KNU ဆို စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်၊ ငွေ၊ ပစ္စည်းစတာတွေကို လုယက်ယူဆောင်တာတွေပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။ LuduNwayOoဩဂုတ် 24, 2022