သတင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ PDF ရဲဘော်သုံးဦးကျဆုံး အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။ LuduNwayOoဇွန် 10, 2022
သတင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အင်အားရာချီသုံးနေ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇွန် 10, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့၍ ထန်တလန်မြို့ရှိ သက်တမ်းအရှည်ဆုံးဘုရားကျောင်းမီးလောင်ကျွမ်း စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။ LuduNwayOoဇွန် 10, 2022
သတင်း ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီ/ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA ထပ်မံတိုက်ခိုက် “ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇွန် 10, 2022
သတင်း ရေစကြိုမြို့နယ် သဲတောရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀နီးပါး မီးလောင်၊ မသန်စွမ်းအဘွားအိုတစ်ဦး မီးလောင်သေဆုံး စစ်ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။ LuduNwayOoဇွန် 10, 2022
သတင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု DPNS ကြေညာ စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။ LuduNwayOoဇွန် 10, 2022
သတင်း KNUနယ်မြေ တောင်ကြာအင်းရွာရှိ စာသင်ကျောင်းကို ရပ်ရွာကဖွင့်လိုသော်လည်း စစ်ကောင်စီတပ် နေရာဖယ်မပေး၍ ဘုန်းကြီးကျောင်း၌ပြောင်းရွှေ့ သင်ကြားနေရ ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။ LuduNwayOoဇွန် 10, 2022
သတင်း ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ စစ်သား၊ ရဲနဲ့ ပျူစောထီးများ ၁၅ရက်အတွင်း လက်နက်ချရန် YRF သတိပေး ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 10, 2022
သတင်း ရေဦး – ခင်ဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် အကြမ်းဖက်စစ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စီးလည်း ဒုတိယအကြိမ်ပျံသန်းချိန်တွင် ဆုံးရှုံးခဲ့ရကြောင်း Dragon Urban Guerrilla အဖွဲ့က အသိပေးသည်။ LuduNwayOoဇွန် 10, 2022
သတင်း (၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေး စစ်ကောင်စီ တက်ရောက်ခွင့်မရပြန် WTO၏ ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်ကောင်စီဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်နှင့် ညွန့်ကြားရေးမှူးဦးညီညီအောင်တို့ တက်ရောက်ရန် စစ်ကောင်စီက စာရင်းသွင်းထားခြင်းဖြစ်သည်။ LuduNwayOoဇွန် 10, 2022