သတင်း မြစ်ကြီးနား – ပူတာအိုလမ်း၌ စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက် မြစ်ကြီးနား - ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများ၊ စစ်ကြောင်းများ ဖြတ်သန်းသွားလာတိုင်း KIA/PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။ LuduNwayOoဇွန် 8, 2022
သတင်း ကရင်နီပြည်၌ ဇွန်လပထမပတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၆ဦးသေ ဖရူဆိုမြို့နယ်တွင်လည်း ဘောလခဲမှ ဖရူဆိုမြို့သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်အစီးရေ ၄၀ပါ ထောက်ပို့ယာဥ်တန်းကို ဇွန်လ၁ ရက်မှ ၃ ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လောကျေခူနှင့် မာခရော်ရှေးကျေးရွာတို့တွင် တိုက်ခိုက်ခဲ့သည်။ LuduNwayOoဇွန် 8, 2022
သတင်း စစ်ကောင်စီကပြည်ပကုမ္ပဏီများကိုနိုင်ငံခြားငွေကိုအတင်းအကျပ် လဲခိုင်းခြင်းမှကင်းလွတ်ခွင့်ပြုရန် စီစဥ်နေဟုဆို နိုင်ငံဝင်ငွေရရှိသည့် လုပ်ငန်းများကို အလုပ်လုပ်ရက်တစ်ရက်အတွင်း တစ်ဒေါ်လျှင် ၁၈၅၀ကျပ်နှုန်းဖြင့် ကျပ်ငွေအဖြစ်ပြောင်းလဲရမည်ဟု စစ်ကောင်စီက ဧပြီ ၃ ရက်က စတင်ညွန့်ကြားဖိအားပေးခဲ့သည်။ ညွှန့်ကြားချက်ကို မလိုက်နာပါက အရေးယူမည်ဟုလည်းခြိမ်းခြောက်ထားသည်။ LuduNwayOoဇွန် 8, 2022
သတင်း ကျိုက်ထိုတွင် စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် ၁၀ဦးသေဟု KNUထုတ်ပြန် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်ကောင်စီယာဉ်တန်းနှင့်KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊KNLAနှင့်ပူးပေါင်းအဖွဲ့တို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoဇွန် 8, 2022
သတင်း ရေဦးတွင် ရွာမီးရှို့ပြီးပြန်သောစစ်ကောင်စီတပ်ကို PDFများပူးပေါင်းတိုက်ခိုက်၍ သေဆုံးထိခိုက်မှုများ ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 8, 2022
သတင်း ဆိပ်ဖြူတွင်တပ်စွဲနေသောစစ်ကောင်စီတပ်ကို PDF နှစ်ဖွဲ့တိုက်ခိုက်စစ်သား၁၀ ဦးခန့်သေ၊သေနတ် ၁ လက်ရရှိ ထမ္မကောက်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီစခန်းကို ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်ကMC-KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်း NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ LuduNwayOoဇွန် 8, 2022
သတင်း မီတာခ အပါအဝင်အခွန်အခများလိုက်ကောက်ခံမည့်စစ်ကောင်စီဝန်ထမ်းများကိုတန့်ဆည် PDF သတိပေး တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထွေအုပ်၊စစ်တပ်နှင့် ရဲများကသက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကာ မီတာခများ၊အခွန်များ လိုက်လံကောက်ခံရန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကပြောသည်။ LuduNwayOoဇွန် 8, 2022
သတင်း မိုးဗြဲမြို့သို့ အင်အား၁၀၀ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေ ပူးပေါင်းတပ်များ၏ စနိုက်ပါ ရဲဘော်များပစ်ခတ်မှု အပါအဝင် အခြားပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ဖယ်ခုံ တပ်ရင်း နှစ်မှရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ LuduNwayOoဇွန် 8, 2022
သတင်း အိန္ဒိယ − အာဆီယံ နိုင်ငံရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုမဖိတ်ဖို့ အိန္ဒိယ ဆုံးဖြတ် အစည်းအဝေးမှာ မြန်မာထိုင်ခုံကိုအလွတ်ထားမှာဖြစ်ပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူအဆင့်ကိုပဲအိန္ဒိယက ဖိတ်ကြားမှာပါ။ LuduNwayOoဇွန် 8, 2022
သတင်း ထီးလင်းမြို့နယ် စင်းစယ်ရွာကို စစ်ကောင်စီတပ် မီးရှို့ ၍ နေအိမ် ၁၂လုံးနှင့် စပါးတင်း ၅၀၀ကျော်ပျက်စီး စစ်ကောင်စီတပ်သည် ယခင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး ယခုသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoဇွန် 8, 2022