News လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်သား လေးဦးသေ KNDF ဘက်မှလည်း ရဲဘော်သုံးဦးဒဏ်ရာရရှိထားပြီး တစ်ဦးကျဆုံးကာ ကျဆုံးသွားသော ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင် အလေးပြုကြောင်း KNDF က အသိပေးထားသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ လွိုင်ကော်မြို့ဒေသခံပြည်သူ ငါးဦးသေဆုံးဟု PKPF ထုတ်ပြန် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၇ရက်)နံနက် အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News မြိုင်-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်ယာဥ် နှစ်ကြိမ်မ်ိုင်းခွဲ တိုက်ခိုက်ခံရ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်မှာ ပျက်စီးသွားပြီး ကားပေါ်ပါရှိသည့် စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုအချို့လည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News မူးမြစ်ကူး သမရိုးတံတားအနီးတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ "မိုင်းနှစ်လုံးစလုံးက ထိထိမိမိ ရှိခဲ့တယ်။အဲဒါကြောင့် သေဆုံးသူတွေရှိခဲ့တာ။နောက်ပြီး သေတာ အတည်ပြုလို့ရသလောက်ဆို ဗိုလ် တစ်ဦးလည်း ပါတယ်"ဟု ဝက်လက် ပကဖ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News ပန်းဆိုးတန်း အကောက်ခွန်ရုံးအနီး ဗုံးနှစ်လုံးဆင့်ပေါက်၊ စစ်ကောင်စီဝင်အချို့ ထိခိုက်နိုင်ဖွယ်ရှိဟုဆို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် လာရောက်ချိန် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ယနေ့ (ဇန်နဝါ ရီ ၇ ရက်) နံနက်ပိုင်းက စစ်ကောင်စီလက်ပါးစေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 7, 2022
News မတူပီ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ပြည်သူ ခုနစ်ဦးကိုဖမ်းပြီး လူသားဒိုင်းအဖြစ်သုံးဟု CDF ပြော ဇန်နဝါရီ ၄ရက်ကလည်း မတူပီ-ဟားခါးလမ်း၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့သည်ဟု မတူပီ CDFက ဆိုသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News ၉လအရွယ်မြေးဖြစ်သူရဲ့ နှလုံးရောဂါ ကုသဖို့ အိန္ဒိယက အထူးကုဆရာဝန် ၂ ဦးကို စစ်ကောင်စီခေါင်းဆောင် ရန်ကုန်ခေါ်ယူ ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီး ၂ ဦးဟာ အိန္ဒိယနိုင်ငံ Rainbow Children’s Heart Institut ရဲ့အကြီးတန်းနှလုံးအထူးကုဆရာဝန်တွေဖြစ်တယ်လို့သိရပါတယ်။ LuduNwayOoဇန်နဝါရီ 7, 2022
News သရက်မြို့နယ်၊ စော်ဖျားရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်ကို ဒေသခံ PDFဝင်ရောက်တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်နေ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထားဝယ်-သရက်ချောင်း အဝေးပြေးလမ်းမကြီးကို သွားလာခြင်းမပြုလုပ်ရန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ နတ်တောင်စခန်းကို ကရင်နီတပ် သိမ်းပိုက် ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ လွိုင်ကော်ဒေသခံ တစ်ဦးသေ လက်နက်ကြီးထိမှန်သေဆုံးသွားသူသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ကလေးများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တရာ၀တီတိုမ်း သတင်းဌာနက ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 7, 2022