Connect with us

Hi, what are you looking for?

LuduNwayOo

News

“ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးအရ ၁၀ ခုကျော် တိုက်ခိုက်​၊ စစ်​ကောင်စီတပ်သား ​လေးဦးထက်မနည်း​သေ

ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များအပေါ် စစ်ရေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ “ပျံလွှားအောင်” စစ်ဆင်ရေးအနေဖြင့် ၂၀၂၂ ဇန်နဝါရီ ၅ ရက် မှ ၈ ရက်အထိ စစ်ဆင်ရေးများပြုလုပ်ခဲ့ခြင်းဖြစ် သည်။

“ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးအရ ၁၀ ခုကျော်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၈ ရက်)တွင် ထုတ်ပြန် သည်။

ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များအပေါ် စစ်ရေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ “ပျံလွှားအောင်” စစ်ဆင်ရေးအနေဖြင့် ၂၀၂၂ ဇန်နဝါရီ ၅ ရက် မှ ၈ ရက်အထိ စစ်ဆင်ရေးများပြုလုပ်ခဲ့ခြင်းဖြစ် သည်။

ဒေါပုံ

ဒေါပုံမြို့နယ် ဒေါပုံရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဘန်ကာအတွင်းသို့ ဇန်နဝါရီ ၅ ရက်ည ၇ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် BFRAF အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားနှစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

မြောက်ဥက္ကလာပ

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်၊ တောင်ငူလမ်းရှိ ဘောလုံးကွင်းအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သားများတပ်စွဲထားသည့်နေရာကို ဇန်နဝါရီ ၆ ရက် နံနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည့် YFA နှင့် CGF-YGN အဖွဲ့ဝင်များက ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လှိုင်သာယာ

လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများအား ပစ်မှတ်ထား၍ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲခန့်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များနှင့်အတူ CGF-YGN အဖွဲ့နှင့် Spring Revolution Flames (SRF)တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားနှစ်ဦး သေဆုံးပြီးအချို့ဒဏ်ရာရရှိခဲ့သည်။

အလားတူ လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေရာယူထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၇ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် အဆင့်ဆင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရန်သူ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သာကေတ

သာကေတမြို့နယ်၊ EPC ရုံးအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ဇန်နဝါရီ ၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် BFRAF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

အင်းစိန်

အင်းစိန်မြို့နယ်၊ EPC ရုံးအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဇန်နဝါရီ ၆ ရက် နေ့လယ် ၃ နာရီခန့်တွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dictator Revolt Front (DRF) တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထန်းတပင်

ထန်းတပင်မြို့နယ်၊ ရေစိုကျေးရွာရှိ အကြမ်း ဖက်စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင် တစ်ခု ဖြစ်သည့် MyTel ဆက်သွယ်ရေးတာဝါတိုင်ကို ဇန်နဝါရီ ၇ ရက်နံနက် ၂ နာရီခွဲတွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

သုံးခွ

သုံးခွမြို့နယ်၊ ဆင်ခိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင် တစ်ခုဖြစ်သည့် MyTel ဆက်သွယ်ရေးတာဝါတိုင်ကို ဇန်နဝါရီ၈ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Penal Box ၂ ခုနှင့် Cable ကြိုးများ မီးလောင်ပျက်စီးခဲ့သည်။

လမ်းမတော်

လမ်းမတော်မြို့နယ်၊ ၁၃ လမ်းရှိ ရဲစခန်းဘန်ကာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ တပ် သားများကို ပစ်မှတ်ထား၍ ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲတွင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dark Shadow အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

စမ်းချောင်း

စမ်းချောင်းမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ စည်ပင်တရားရုံးနှင့် မြေနီကုန်းတံတား အောက်ယာဉ်ထိန်းရုံးအနီးနေရာများတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို ပစ်မှတ်ထား၍ ဇန်နဝါရီ၈ ရက် နံနက်၁၀ နာရီနှင့် ၁၁ နာရီအချိန်တို့တွင် နယ်မြေခံပြည်သူ့ကာ ကွယ်ရေးအဖွဲ့များနှင့်အတူ ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေးစီမံချက်အရ ဆောင်ရွက်ခဲ့သည့် အထက်ဖော်ပြပါ စစ်ရေးလှုပ်ရှားမှုများအပြင် အခြားတော်လှန်ရေး အင်အားစုအသီးသီးတို့ကလည်း ကျောက်တံတားမြို့နယ် ဗိုလ်တထောင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ပစ်မှတ်ထားပြီး ဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ STF/ PDF တပ်ဖွဲ့ဝင်များ၊ အထူးကွန်မန်ဒို (SOF) တပ်ဖွဲ့ဝင်များနှင့်အတူ အခြားသော တော်လှန် ရေး အင်အား စုအဖွဲ့ပေါင်း ၄၀ ကျော်ကို စုစည်း၍ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်များကို “ပျံလွှားအောင်” စစ်ဆင်ရေးစီမံချက်ဖြင့် စစ်ရေးအရ အရေးယူတုန့်ပြန် တိုက်ခိုက်မှု များကို ထိရောက်စွာ စီမံကွပ်ကဲဆောင်ရွက်နေကြောင်း အသိပေးသည်။

ယင်းသို့ စီမံဆောင်ရွက်ရာ၌ အချို့နေရာများတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ထိရောက်စွာ တိုက်ခိုက်နှိမ်နင်းရန်အခက်အခဲများနှင့် ကြုံတွေ့ရသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တည်ရှိရာ နေရာများ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ မိသားစုဝင်များနှင့် ထိတွေ့ပတ်သက်မှုများ မလုပ်ဆောင်ကြဘဲ သတိဖြင့် ရှောင်ရှားသွားလာနေထိုင်ကြရန် တိုက်တွန်း သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။