News
ဧပြီပထမပတ်အတွင်း တိုက်ပွဲများတွင်လည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြားတွင် လွိုင်ကော်မှ ဖရူဆိုသို့ ရိက္ခာပို့မည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့တိုက်ခိုက်ခဲ့သည်။
Hi, what are you looking for?
ဧပြီပထမပတ်အတွင်း တိုက်ပွဲများတွင်လည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြားတွင် လွိုင်ကော်မှ ဖရူဆိုသို့ ရိက္ခာပို့မည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများသတိဖြင့် နေထိုင်ရန် KNDFက တိုက်တွန်းထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိ စစ်ကြောင်းထိုးနေသည်ဟု အသိပေးထားသည်။
ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို(PDF -Hpruso)က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ဖရူဆို PDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း(၁၁၀၁)နည်းပညာလက်ရုံးတပ် CTUနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်များ ပူးပေါင်း၍ ဗျူဟာရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲ ဖြစ်စဥ်မှာ မတ်လ ၂၆ ရက် ည ၉ နာရီ မိနစ် ၂၀ခန့်က ၄၂၂တပ်စခန်းအနီး တစ်ဝှိုက်ရှိ ကင်းပုန်းစခန်းများအား KNDF တပ်ရင်း-၃ နှင့် တပ်ရင်း-၁၁ တို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း PDF - Hpruso နှင့် အခြားမဟာမိတ်အဖွဲ့များမှ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံတပ်ရင်း၏ အင်အား ၃၀ မှ ၅၀ကြားရှိ အဖွဲ့က မတ်လ ၂၄ ရက်တွင် ဖရူဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ပေါင်းစုမှ ခုခံတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်း KNDF တပ်ရင်း-၁၅မှ ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
တိုက်ပွဲဖြစ်စဥ်နှစ်ခုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု KNDFက အသိပေးသည်။