Connect with us

Hi, what are you looking for?

သတင်း

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှဖယ်ခုံနှင့်ဖရူဆိုတို့တွင် စစ်ကောင်စီတပ်သား ၃၅ ဦးရှင်းလင်းခဲ့ဟုအသိပေး

ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ​၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးတပ်ဖွဲ့ဝင်အချို့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးတပ်ဖွဲ့ဝင်အချို့)

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှ ဖယ်ခုံနှင့် ဖရူးဆိုတို့တွင် စစ်ကောင်စီတပ်သား ၃၅ ဦးအထိရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့(ဇွန် ၁၅) တွင်အသိပေးထုတ်ပြန်သည်။

အထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့သည်ဖယ်ခုံနှင့်ဖရူးဆိုမြို့နယ်တို့တွင် မေ ၂၀ မှ ဇွန် ၁၂ အထိ ရက်ပေါင်း ၂၄ ရက်အတွင်း ရန်သူစစ်သားများကိုပစ်ခတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြထားသည်။

ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ​၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးတပ်ဖွဲ့ဝင်အချို့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးတပ်ဖွဲ့ဝင်အချို့)

အလားတူ မေ ၂၁ တွင်လည်း ဆီမီးလောရန်သူ့စစ်စခန်းအား ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသုတ်သင်နိုင်ခဲ့ပြီး မေ ၂၂ တွင်မူ လွယ်ပါတောင်ခြေစစ်စခန်းမှ တစ်ဦး အသီးသီးသုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဇွန်လအတွင်း တိုက်ခိုက်မှုများတွင် ဇွန် ၇ ရက်ကဆီမီးလောရန်သူ့စခန်းကို တတိယအကြိမ်ဝင်ပစ်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေပြီးဇွန်၁၀ရက်တိုက်ခိုက်မှုတွင်လဟယ်ကျေး ရွာနှင့်လွယ်မကူးတောင် ရန်သူစခစခန်းများမှစစ်ကောင်စီတပ်သားရှစ်ဦးကိုရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးတပ်ဖွဲ့ဝင်အချို့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးတပ်ဖွဲ့ဝင်အချို့)

ဇွန်၁၁ရက်နှင့် ၁၂ ရက်နေ့များတွင် ဒေါညေခူကျေးရွာသို့ စစ်ကြောင်းထိုးလာသောရန်သူ့တပ်အားစနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားခုနစ်ဦးကို သုတ်သင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

အထူးစစ်ဆင်ရေးအဖွဲ့၏ စနိုက်ပါစစ်ဆင်ရေးများကိုဒေသခံညီနောင်မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးဗျူဟာများအရ သတင်းများကို အချိန်နှင့်တပြေးညီမထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်