Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုရှိ စစ်ကောင်စီ၏အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းတို့အား ကရင်နီတပ်များတိုက်ခိုက်

KNDFနှင့် ကရင်နီတပ်မတော်တို့ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်ကစ၍ နှစ်ရက်တိုင် အလစ်ငိုက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(KNDF တပ်ရင်း -၁၅မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF တပ်ရင်း -၁၅မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅ က ယနေ့ ထုတ်ပြန်သည်။

KNDFနှင့် ကရင်နီတပ်မတော်တို့ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်ကစ၍ နှစ်ရက်တိုင် အလစ်ငိုက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်းဖော်ပြသည်။

ထို့အပြင်နိုဝင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီ၏အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော်ရှေ့ ခြေကုပ်စခန်းတို့အား အလစ်အငိုက် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှင့်ခြေကုပ်စခန်းတို့အား အလစ်အငိုက်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဖက်မှ လက်နက်ငယ်၊လက်နက်ကြီးပစ်ကူများ အများအပြားအသုံးပြု ပြန်လည်ပစ်ခတ်ခြင်းများရှိခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ မစ်ရှင်များအား အထိခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး KNDFထံဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။ စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

“လက်ရှိစစ်ရေးအရ ဖရူဆိုမှာ မနေ့ကစလို့ ပြည်သူတွေအပါအဝင် အားလုံးကိုဝင်ထွက်သွားလာ ခွင့်ပိတ်ထားတယ်။နောက်ပြီး ဒီးမော့ဆိုမှာဆိုလည်း တိုက်ပွဲဖြစ်နေတာ သုံးလေးရက်ဆက်ဖြစ်နေပြီ”ဟု အမည်မဖော်လိုသူ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။