Connect with us

Hi, what are you looking for?

သတင်း

ဖရူဆို တိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်ဟု KNDF တပ်ရင်း(၂) ထုတ်ပြန်၊ လက်နက်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများရ

ဇွန်လ ၁၂ရက်က နေ့လည်ပိုင်းတွင် KNDF တပ်ရင်း(၂)မှ ရဲဘော်အချို့ တိုက်ပွဲဖြစ်ပွားရာ ဒေါညေးခူရွာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ညနေလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ဒေါညေးခူ ရွာ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)က ယနေ့ထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်က နေ့လည်ပိုင်းတွင် KNDF တပ်ရင်း(၂)မှ ရဲဘော်အချို့ တိုက်ပွဲဖြစ်ပွားရာ ဒေါညေးခူရွာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ညနေလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

တိုက်ပွဲအတွင်း KNDF တပ်ရင်း(၂)မှ ရဲဘော် ၃ဦး ရန်သူလက်ပစ်ဗုံးထိမှန် ဒဏ်ရာရခဲ့ပြီး ရန်သူ ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်တစ်လက်နှင့် စစ်ကောင်စီတပ်သားများ အသုံးပြုသည့် ခြင်းကျား များ ရရှိထားမှုကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ရှမ်း-ကယား နယ်စပ်ရှိ ဖယ်ခုံ၊ လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်များတွင်လည်း ယနေ့ ပစ်ခတ်မှုများ ရှိကြောင်း သိရသည်ဟု ကရင်နီဒေသခံတစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

“ ဒီနေ့လည်း လေယာဉ် ၂ပတ်လောက်ပတ်တယ်။ မိုးအုံ့တော့ မတွေ့ရဘူး အသံတော့ကြားနေရတယ်။ နောက်ပြီးတော့ ဖယ်ခုံက ၄၃၁ တပ်ရဲ့ မြောက်ဘက် အမက(၉) ပတ်ဝန်းကျင် နားက အိမ်တွေကို အိမ်မှာမနေနဲ့ အိမ်ကို ခွာသွားဖို့ ကျောင်းလည်း မဖွင့်နဲ့ဆိုပြီး တပ်က အဲဒီလို ဖိအားပေးတယ်ပြောတယ်။ ဖယ်ခုံစျေးထဲကိုလည်း လာပြောတယ်တဲ့ ဆိုင်တွေ မဖွင့်နဲ့ပြောလို့ ဆိုင်တွေအကုန်ပိတ်ပြန်ကြတယ်ပြောတယ်” ဟု ကရင်နီ စစ်ရှောင်တစ်ဦးက ပြောသည်။

ယမန်နေ့ညနေကတည်းက ဖယ်ခုံအနောက်ဘက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရကြောင်း ၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။