Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆို တိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်ဟု KNDF တပ်ရင်း(၂) ထုတ်ပြန်၊ လက်နက်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများရ

ဇွန်လ ၁၂ရက်က နေ့လည်ပိုင်းတွင် KNDF တပ်ရင်း(၂)မှ ရဲဘော်အချို့ တိုက်ပွဲဖြစ်ပွားရာ ဒေါညေးခူရွာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ညနေလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ဒေါညေးခူ ရွာ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)က ယနေ့ထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်က နေ့လည်ပိုင်းတွင် KNDF တပ်ရင်း(၂)မှ ရဲဘော်အချို့ တိုက်ပွဲဖြစ်ပွားရာ ဒေါညေးခူရွာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ညနေလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

တိုက်ပွဲအတွင်း KNDF တပ်ရင်း(၂)မှ ရဲဘော် ၃ဦး ရန်သူလက်ပစ်ဗုံးထိမှန် ဒဏ်ရာရခဲ့ပြီး ရန်သူ ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်တစ်လက်နှင့် စစ်ကောင်စီတပ်သားများ အသုံးပြုသည့် ခြင်းကျား များ ရရှိထားမှုကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ရှမ်း-ကယား နယ်စပ်ရှိ ဖယ်ခုံ၊ လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်များတွင်လည်း ယနေ့ ပစ်ခတ်မှုများ ရှိကြောင်း သိရသည်ဟု ကရင်နီဒေသခံတစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

“ ဒီနေ့လည်း လေယာဉ် ၂ပတ်လောက်ပတ်တယ်။ မိုးအုံ့တော့ မတွေ့ရဘူး အသံတော့ကြားနေရတယ်။ နောက်ပြီးတော့ ဖယ်ခုံက ၄၃၁ တပ်ရဲ့ မြောက်ဘက် အမက(၉) ပတ်ဝန်းကျင် နားက အိမ်တွေကို အိမ်မှာမနေနဲ့ အိမ်ကို ခွာသွားဖို့ ကျောင်းလည်း မဖွင့်နဲ့ဆိုပြီး တပ်က အဲဒီလို ဖိအားပေးတယ်ပြောတယ်။ ဖယ်ခုံစျေးထဲကိုလည်း လာပြောတယ်တဲ့ ဆိုင်တွေ မဖွင့်နဲ့ပြောလို့ ဆိုင်တွေအကုန်ပိတ်ပြန်ကြတယ်ပြောတယ်” ဟု ကရင်နီ စစ်ရှောင်တစ်ဦးက ပြောသည်။

ယမန်နေ့ညနေကတည်းက ဖယ်ခုံအနောက်ဘက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရကြောင်း ၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။