Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီအခြေစိုက်စခန်းများ တိုက်ခိုက်

ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ကရင်နီတပ်မတော် KAက သိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KAမှ ရဲဘော်နှင့် စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် အား တွေ့ရစဥ်၊ ဓာတ်ပုံ - KMIC
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KAမှ ရဲဘော်နှင့် စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် အား တွေ့ရစဥ်၊ ဓာတ်ပုံ - KMIC

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်း ထုတ် ပြန်ရေးအဖွဲ့ KMICက ပြောသည်။

ဖေဖော်ဝါရီ၂၀ရက် နံနက် ၈ နာရီခန့်က ရှားတောမြို့အနီရှိ စစ်ကောင်စီ၏ ခမရ (၅၁၀)တပ်၏ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုကို KMIC က စုံစမ်းဆဲဖြစ်ကြောင်း အသိပေး ဒသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KAမှ ရဲဘော်နှင့် စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် အား တွေ့ရစဥ်၊ ဓာတ်ပုံ - KMIC
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KAမှ ရဲဘော်နှင့် စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် အား တွေ့ရစဥ်၊ ဓာတ်ပုံ – KMIC

အလားတူ ယခုလ ၁၆ ရက်တွင် ဖရူဆိုအခြေစိုက် ခမရ (၅၃၁)တပ်အတွင်း ကရင်နီတပ်မတော်က ဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယမန်နေ့ကစ၍ စစ်ကောင်စီတပ်မှာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက် ရဟတ်ယာဥ်ဖြင့် စစ်ကောင်စီက ထောက်လှမ်းလာသည်ဟု ဆိုသည်။

တိုက်ခိုက်မှု ဖြစ်စဥ်များတွင် စစ်ကောင်စီတပ်က လက်နက်ကြီး များအသုံးပြု ပစ်ခတ်ခဲ့သော်လည်း ကရင်နီပူးပေါင်းတပ်မှ ထိခိုက်သူမရှိခဲ့ပေ။

“မနေ့က ဒီးမော့ဆိုဘက်မှာလည်း တိုက်လေယာဥ်နှစ်စီး ပျံဝဲပြီးခြိမ်းခြောက်ပစ်ခတ်ခဲ့တာမျိုးရှိတယ်။အထိအခိုက်တော့ မသိပေးမယ်။သူတို့ ဘက်က အသေအဆုံးများရင် လေကြောင်း နဲ့ လက်နက် ကြီး ပစ်ကူက အဆမတန်ကို စစ်ကောင်စီက သုံးနေ တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ကရင်နီတပ်မတော် KAက သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

Facebook