Connect with us

Hi, what are you looking for?

All posts tagged "မြန်မာ့အရေး"

သတင်း

မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ဖိအားပေးခြင်း မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကူညီ ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ မြန်မာ့အရေးဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ် အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ ၃) ပြုလုပ်ခဲ့သည်။

သတင်း

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။

အတွေးအမြင်

လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။

သတင်း

မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာတို့ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိစ္စ၊ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး ထွန်းကားရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိတွေ့ လုပ်ဆောင်မှုတိုင်းမှာ သတိကြီးကြီးထား ကိုင်တွယ်ခြင်းဆိုတာဟာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ ဒီနေ့(ဇန်နဝါရီ ၁၉ရက်)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံးအကြိမ် အရေးပါတဲ့ အစည်းအဝေးဖြစ်လာပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်အောင် ရေရှည် ဖြေရှင်းပေးနိုင်မယ့် အဖြေတစ်ခု ကူညီ ရှာဖွေပေးသွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအ​နေဖြင့် စိုးရိမ်မှုမြင့်တက်နေချိန်တွင် တရုတ်ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်များ၊ အစိုးရအရာရှိများ၊ ပညာရှင်များ၊ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများက တံခါးပိတ်ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Economic Times သတင်းဌာနက ဖော်ပြသည်။

Facebook