Connect with us

Hi, what are you looking for?

သတင်း

တရုတ်အစိုးရအ​နေဖြင့် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန် ၊ မြန်မာ့အ​ရေးဝင်မစွက်ရန်ဂျပန်နိုင်ငံရှိ မြို့ကြီးများ၌ ဆန္ဒထုတ်ဖော်

ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။

ဓါတ်ပုံ- NUG Support Team Japan

‌ဇွန်-၉၊၂၀၂၅။တေဇ/People’s Spring

ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။

ဇွန် ၈ ရက်က ဂျပန်နိုင်ငံရှိတိုကျို ၊အိုဆာကာ၊နာဂိုယာ ၊ရှီဇူအိုကာစသည့်မြို့ကြီးများ၌တပြိုင်နက်ပြုလုပ်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရအနေဖြင့် EAO များ တော်လှန်ရေးအင်အားစုများအပေါ် အလွန်အကျွံဖိအားပေးနေမှုများရပ်တန့်ရန် ၊ စစ်ကောင်စီ အလေးသာစေမည့် မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှာများကိုရပ်တန့်ရန်၊ စစ်ကောင်စီကို အားပေးထောက်ခံကူညီမှုမှုများရပ်တန့်ရန် နှင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားလိုက်နာရန် ကန့်ကွက်တောင်းဆိုခဲ့ကြကြောင်း NUG Support Team Japan က အသိပေးထားသည်။

အဆိုပါလှုပ်ရှားမှု‌တွင် ဂျပန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူများ၊တိုင်ရင်းအင်အားစုများနှင့် မြန်မာ့အရေး ကူညီအားပေးနေကြသည့် ဂျပန်လူမျိုးများလည်းပါဝင်ခဲ့ပြီး ကြွေးကြော်သံများဖြင့် ချီတတ်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

‌ပါဝင်သူများက မြန်မာပြည်သူများ၏ ဆန္ဒကိုအလေးထားရန် ၊ မြန်မာ့အရေးမှထွက်နေရန် ၊ငါတို့အနာဂတ်ကို ငါတို့ဆုံးဖြတ်မည် စသည့် စာသားပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကထောက်ခံနေခြင်းသည် မြန်မာပြည်သူများ၏ သဘောထားဆန္ဒများကိုမျက်ကွက်ပြုနေခြင်းဖြစ်ပြီးဘန်ဒေါင်းသဘောတူညီချက်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း​ ဆန္ဒပြသူများက​ပြောသည်။

တရုတ်အစိုးရ၏လုပ်ရပ်များကိုကန့်ကွက်ကြောင်းကိုလည်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဇွန်လ ၆ ရက်တွင် ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို