News လေးကေကျေးရွာထဲ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေထိခိုက်ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီး လေးကေကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က အခုလို လေကြောင်းပစ်ကူအသုံးပြုပြီး တပ်မဟာ ၁ ကို ပထမဦးဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ LuduNwayOoမေ 1, 2022
News လေးကေဒေသဘက်မှာ စစ်ကောင်စီတပ်က ဒီမနက်လေကြောင်းတိုက်ခိုက် တပ်မဟာ ၁ လေးကေဒေသဘက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ မီးလောင်တာတွေရှိနေပြီး ဒီကနေ့ နေ့လည်ပိုင်းအချိန်အထိ ဗုံးကြဲမှုတွေ ရှိနေတုန်းပဲလို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။ LuduNwayOoမေ 1, 2022
News ကြာအင်းဆိပ်ကြီးထဲက ရွာတစ်ရွာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက် "ကျိတ်ရွာမှာ လေယာဉ်နဲ့နှစ်ကြိမ်မြောက် ဗုံးကြဲခံရတယ်။ မနက်တုန်းကလည်း တစ်ကြိမ်။ ကျိတ်ရွာရဲ့ သာယာကုန်းဘက်ခြမ်းမှာ ကြဲချတာ။ လူကတော့ ဘယ်နှစ်ယောက်ထိလဲမသိဘူး။ ထိတော့ထိတယ်။ တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ LuduNwayOoဧပြီ 4, 2022
News ကော့ကရိတ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရန် KNU တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး တုံ့ပြန် တိုက်ပွဲများပြင်းထန်နေသည့် ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းကို မတ်လ ၂၇ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် KNUက ကြေညာထားသော်လည်း သွားလာမှုများ ရှိနေသည်။ အဆိုပါလမ်းပိုင်း ဖြတ်သန်းသွားလာသည့် ယာဉ်အချို့ မီးလောင်ပျက်စီးမှုများ လည်း ဖြစ်ပေါ်လျက်ရှိသည်။ LuduNwayOoဧပြီ 4, 2022
News သေ့ဘောဘိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ်အကျအဆုံးများ၍ ကော့ကရိတ်ပြည်သူများကို လေကြောင်းအန္တရာယ်ဂရုပြုရန် တပ်လှန့်ထား ကော့ကရိတ်တောင်ပိုင်း အာရှလမ်း၌လည်း ယနေ့ တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ခဲ့ကြောင်း၊ ယခုထိခိုက်ကျဆုံးမှုများခဲ့သည့် စစ်ကောင်စီတပ်များမှာ မတ်လ ၂၁ရက်က ကော့ကရိတ်ဒေသသို့ ထိုးစစ်ဆင်ဝင်လာသည့် စစ်ကြောင်းများဖြစ်ကြောင်း ဒေသခံက ပြောသည်။ LuduNwayOoမတ် 27, 2022
News ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က ယနေ့နံနက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဘာသာရေးအဆောက်အအုံ အချို့ပျက်စီး တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း အဆိုပါ ဖြစ်စဉ်ကို သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့ ဒေါငံခါးရှိ အိုမင်းမစွမ်း သီလရှင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoမတ် 10, 2022
News ဒီးမော့ဆိုတိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ တင့်ကားနှင့် အတွဲလိုက်ပစ် ရော့ကဒ်ဒုံးများသုံး၍ တိုက်ခိုက် ကျောက်ဆည်ကန် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoမတ် 9, 2022
News စစ်ကောင်စီတပ်က ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ဟု KNDF ထုတ်ပြန် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူနှစ်ဦး အသက်ဆုံးရှုံးရပြီး လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoမတ် 2, 2022
News ဒီးမော့ဆိုအနောက်ခြမ်းတွင် တိုက်ပွဲမဖြစ်ဘဲ အရပ်သားများနေထိုင်ရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် တိုက်ခိုက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီစစ်ရှောင်စခန်းများ ထပ်မံပြောင်းရွှေ့ခဲ့ရကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 27, 2022
News ဖားကန့်ရှိ KIAတပ်နေရာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် KIAတပ်မဟာ(၂)၊ တပ်ရင်း (၁၄)နယ်မြေသို့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်လာသည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022