Connect with us

Hi, what are you looking for?

News

ကြာအင်းဆိပ်ကြီးထဲက ရွာတစ်ရွာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

“ကျိတ်ရွာမှာ လေယာဉ်နဲ့နှစ်ကြိမ်မြောက် ဗုံးကြဲခံရတယ်။ မနက်တုန်းကလည်း တစ်ကြိမ်။ ကျိတ်ရွာရဲ့ သာယာကုန်းဘက်ခြမ်းမှာ ကြဲချတာ။ လူကတော့ ဘယ်နှစ်ယောက်ထိလဲမသိဘူး။ ထိတော့ထိတယ်။ တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်မှုရှိပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကြိတ်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတစ်ခုကို KNLA တပ်မဟာ ၆ က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မနေ့က ညနေပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့နှစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီလိုတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုတွေရှိနေပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ကျိတ်ရွာမှာ လေယာဉ်နဲ့နှစ်ကြိမ်မြောက် ဗုံးကြဲခံရတယ်။ မနက်တုန်းကလည်း တစ်ကြိမ်။ ကျိတ်ရွာရဲ့ သာယာကုန်းဘက်ခြမ်းမှာ ကြဲချတာ။ လူကတော့ ဘယ်နှစ်ယောက်ထိလဲမသိဘူး။ ထိတော့ထိတယ်။ တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျိတ်ကျေးရွာအတွင်းမှာ အရင်က စစ်ကောင်စီတပ်စခန်းရှိခဲ့ပြီး နယ်မြေခံ KNLA တပ်မဟာ ၆ နဲ့ တိုက်ပွဲတွေမကြာခဏဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက စခန်းကိုဆုတ်ခွာစွန့်ပစ်ခဲ့ရကာ နောက်ပိုင်းမှာတော့ ကျေးရွာအတွင်း ပြန်လည်အခြေချနေထိုင်ဖို့ ဒေသခံရွာသားတွေက လက်မခံတော့တဲ့အတွက် ရွာရဲ့အနီးက တောင်ကုန်းမှာ စခန်းချနေထိုင်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လပိုင်းက ကျိတ်ကျေးရွာဒေသ တစ်၀ိုက်မှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အနီးအနားတစ်ဝိုက်က ကျေးရွာအများအပြားက ဒေသခံပြည်သူတွေဟာ လအတော်အကြာ စစ်ဘေးတိမ်းရှောင်နေခဲ့ရသေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။