Connect with us

Hi, what are you looking for?

News

လေးကေဒေသဘက်မှာ စစ်ကောင်စီတပ်က ဒီမနက်လေကြောင်းတိုက်ခိုက်

တပ်မဟာ ၁ လေးကေဒေသဘက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ မီးလောင်တာတွေရှိနေပြီး ဒီကနေ့ နေ့လည်ပိုင်းအချိန်အထိ ဗုံးကြဲမှုတွေ ရှိနေတုန်းပဲလို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ ဘီးလင်းမြို့နယ် လေးကေဒေသဘက်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ လေးကေဒေသတွင်းမှာရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ် လေးကေနဲ့ ဝင်းတာပန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းနှစ်ကို တပ်မဟာ ၁ နယ်မြေအတွင်းကနေ ဆုတ်ခွာပေးဖို့ ကေအဲန်ယူ တပ်မဟာ ၁ က အသိပေးပြီးတဲ့နောက်ပိုင်း စစ်ရေးတင်းမာမှုတွေ ပိုမိုဖြစ်ပွားလာခဲ့တာပါ။

Public Service Announcement

တပ်မဟာ ၁ လေးကေဒေသဘက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ မီးလောင်တာတွေရှိနေပြီး ဒီကနေ့ နေ့လည်ပိုင်းအချိန်အထိ ဗုံးကြဲမှုတွေ ရှိနေတုန်းပဲလို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။

စစ်ကောင်စီက လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းဘက်ကို စစ်ရေးအင်အားတိုးချဲ့မှုတွေလုပ်ဆောင်လာခဲ့သလို နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တွေကလည်း ဖားအံမြို့နယ်အတွင်းက ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲခေါ်ပြီး အဲ့ဒီစခန်းနှစ်ခုဘက်ကို စစ်ရေးအင်အားတွေ ပို့ဆောင်လာနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။