Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်အရေးယူကြောင်းဗြိတိန်ကြေညာ

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

စစ်တပ်လေကြောင်းတိုက်ခိုက်
စစ်တပ်လေကြောင်းတိုက်ခိုက်

မြန်မာစစ်တပ်က အရပ်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့်ဗြိတိန်အစိုးရကထပ်တိုးပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်သည်။

မြန်မာ့တပ်မတော်သို့ လေယာဉ်အစိတ်အပိုင်းများအထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့်ကုမ္ပဏီများကိုပစ်မှတ်ထားအရေးယူဒဏ်ခတ်ခြင်းဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော မြန်မာကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Co. Ltd နှင့် Sky Aviator Co. Ltd တို့ဖြစ်သည်။

“စစ်အာဏာရှင်ကို ကန့်သတ်ခြင်းနှင့် ပူတင်၏ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်သည့်၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနှင့် ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုတို့အား တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမည်ဖြစ်သည်” ဟု ဗြိတိန်၏ ယနေ့ကြေညာချက်၌ ဖော်ပြသည်။

စစ်တပ်လေကြောင်းတိုက်ခိုက်
စစ်တပ်လေကြောင်းတိုက်ခိုက်

မြန်မာစစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းအပါအဝင် ကျယ်ပြန့်သောရက်စက်ကြမ်းကြုတ်မှုများကိုစနစ်တကျကျူးလွန်နေကြောင်း Amnesty International ၏မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအပြီး အဆိုပါဒဏ်ခတ်အရေးယူမှုကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

မြန်မာစစ်တပ်အတွက်လက်နက်နှင့် လေယာဥ်အစိတ်အပိုင်းများထောက်ပံ့ရာတွင် ပါ၀င်ပတ်သက်နေသည့် ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့ခြင်းများအပြင် ပူတင်၏ မဟာမိတ်များကို ပစ်မှတ်ထား၍ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများလည်းပါ၀င်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။