ဇူလိုင် ၁၉၊ ၂၀၂၆/People’s Spring
မုံရွာခရိုင် အမှတ်(၈၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားမှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဖက်ဒရယ်နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း တိုက်ပွဲတွေမှာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတဲ့ နွေဦးတော်လှန်ရေး အာဇာနည် သူရဲကောင်းတွေကို သတိရအောက်မေ့ လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။


















































