Connect with us

Hi, what are you looking for?

သတင်း

မုံရွာထောင်မှာ အာဇာနည်နေ့က ၁မိနစ်ငြိမ်သက်လို့ဆိုပြီး နိုင်ကျဥ်းတွေကို စစ်တပ်ခေါ်ထုတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

(မုံရွာအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံံ- နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး)

ဇူလိုင် ၂၄၊ ၂၀၂၆ ။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ (၇၉)နှစ်မြောက် အာဇာနည်နေ့မှာ မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေ ဦးဆောင်မှုနဲ့ အိပ်ဆောင်ထဲမှာ အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ကြောင်း၊ ဝမ်းနည်းတဲ့အထိမ်းအမှတ် အဖြစ် ၁မိနစ်ငြိမ်သက်ချိန်မှာ ထောင် အာဏာပိုင် တွေ ရောက်ရှိလာပြီး အခမ်းအနားကို ဦးဆောင်ကျင်းပတယ်လို့ ယူဆတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးက ထုတ်ပြန်ပါတယ်။

“တိုက်ထဲပြောင်းတာလည်း ဖြစ်နိုင်သလို မိန်းဂျေးကိုခေါ်ထုတ်ပြီး ရိုက်တာမျိုး၊ မြို့တော်ခန်းမကို စစ်​ကြောရေး ပြန်ခေါ်ထုတ်တာမျိုး အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ပြည်သူလူထုက ဘေးကဝန်းရံဖို့တော့လိုပါတယ်”လို့ နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အခမ်းအနားကို အကျဥ်းသားတွေအားလုံးနီးပါး ငြိမ်သက်စွာ ကျင်းပနေချိန်မှာ ထောင်အာဏာပိုင်တွေက ဗဟိုကင်းနဲ့ မျှော်ကင်းကနေ သေနတ်တွေ ကျည်ထိုးမောင်းတင်ကာ အကျဥ်းသားတွေကို ပစ်သတ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာအကျဥ်းထောင်မှာ အကျဥ်းသားနဲ့ အကျဥ်းသူ ၉၀၀ နီးပါးခန့်ရှိပြီး နိုင်ငံရေးအကျဥ်းသား၊အကျဥ်းသူ ၅၄၄ ဦးရှိတယ်လို့ နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေကို ဆိုးရွားစွာ ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး ဇူလိုင် ၂၃ ရက်ကလည်း တောင်ငူအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။