Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုရင်း၊ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရှုတ်ချ

ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

ဇူလိုင်-၁၉၊၂၀၂၆။သုည/People’s Spring

ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မိုး​တွေရွာသွန်း​နေတဲ့ကြားကပဲမှော်လှည့်သပိတ်မှ တော်လှန်ပြည်သူတွေက (၇၉)နှစ်မြောက် အာဇာနည်နေ့အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျဆုံးသွားသော အာဇာနည်ပုဂ္ဂိုလ်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အရေးတော်ပုံအဆင့်ဆင့်နဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ကျဆုံးသွားတဲ့ အာဇာနည်တွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်သွေးတို့နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကို အရင်းအနှီးပြုပြီး ပြည်သူ့သဘောထားမပါဘဲ ဖိအားပေးဆောင်ရွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ပြတ်သားစွာ ကန့်ကွက်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Facebook